ရွှေတောင် မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ ဖြေဆိုပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ ဖြေဆိုပြီးစီး





ရွှေတောင်၊ မတ် ၈

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade - 5 နှင့် Grade - 9 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီ ကသက်ဆိုင်ရာ စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများက နောက်ဆုံးနေ့ သိပ္ပံဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါနှစ်ဆုံးစာမေးပွဲစစ်ဆေးခြင်း Grade - 5 ကို မြို့နယ်အတွင်း စာစစ်ဌာန (၁၉) ခု၌ ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ ၁၄၈၇ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ Grade - 9 စာစစ်ဌာနမြို့နယ်အတွင်း စာစစ်ဌာန (၁၀) ခုတွင်လည်း ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ဖြေဆိုသူ ၁၁၃၇ဦးဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade - 5 နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိလည်း‌ကောင်း၊ Grade - 9 နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ဖြေဆိုခဲ့ရာ ကျောင်းသား ၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုခဲ့ကြ ကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)