နေပြည်တော်၊ မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လိုင်စင်မဲ့ မော်တော်ယာဉ် ၁ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် တကောင်းရပ်ကွက်ရှိ ရတနာပုံတံတား စစ်ဆေးရေးဂိတ်တွင် အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ် ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေး-ရွှေဘို-မုံရွာကားလမ်းအတိုင်း အနောက်မှ အရှေ့သို့ ချမ်းအေးသာစံမြို့နယ်နေ မျိုးမင်းဦး(၃၆)နှစ်မောင်းနှင်လာသည့် MDY-17 4H/xxxx HONDA INSIGHT အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက် အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် မျိုးမင်းဦးအား စစ်ကိုင်းမြို့မရဲစခန်း(ပ)၇၈/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment