ပြင်ဦးလွင်၊ မတ် ၁
ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေများပေါ်တွင် ဥပဒေအရ ခွင့်ပြုထားခြင်းမရှိဘဲ အကွက်ရိုက်၊ အိမ်ဆောက် လုပ်ဆောင်ထားသည်များကို ရှင်းလင်းဖယ်ရှားနေမှုအခြေအနေနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ် က မေးမြန်းသည့်အပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က လယ်ယာမြေများပေါ်တွင် ဥပဒေမဲ့ လုပ်ဆောင်ထားသည်များကို အဖွဲ့များခွဲ၍ ရှင်းလင်းဖယ်ရှားနေကြောင်း ဖြေကြားထားသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် အကွက် ရိုက်ခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းများအတွက် သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ များ၏ ကွင်းဆင်းစစ်ဆေးတင်ပြခြင်းအပေါ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာ မြေဥပဒေနှင့်အညီ တရားစွဲဆိုထားရှိပါကြောင်း။
ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေများပေါ်တွင် ကျူးလွန်ဆောင်ရွက်ထားမှုများအပေါ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ အရေးယူဆောင်ရွက်ခြင်းများရှိသကဲ့သို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၏ အစီအမံဖြင့် မြို့နယ်တွင် အဖွဲ့ (၄)ဖွဲ့ ဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေးပြီး ရှင်းလင်းဖယ်ရှားစေခြင်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများအဖွဲ့မှဦးဆောင်၍ မြို့ နယ်/ကျေးရွာ အဆင့်အဖွဲ့ များပါဝင်သည့် အဖွဲ့ (၅)ဖွဲ့အား ထပ်မံဖွဲ့ စည်းတာဝန်ပေးအပ်၍ အပတ်စဉ် မြေပြင်ကွင်းဆင်း စစ်ဆေးပြီး ကျူးလွန်မှုများအား စီမံခန့်ခွဲမှုနည်းလမ်းဖြင့် ရှင်းလင်းဖယ်ရှားဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် ယင်းသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့များဖြင့် ရှင်းလင်းဖယ်ရှားဆောင်ရွက်ခဲ့ခြင်း သာဖြစ်ပြီး အခြားနည်းကျူးလွန်အသုံးပြုသူ မည်သူမည်ဝါ မေးမြန်းစုံစမ်းပြီး စာရင်းကောက်ယူ၍ ရှင်းလင်းဖယ်ရှားစေခြင်း မဟုတ်ဘဲ လယ်ယာမြေဥပဒေနှင့်အညီ ကျူးလွန်အသုံးပြုမှုအားလုံးကို တစ်ပြေးညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
ခွင့်ပြုချက်မရရှိဘဲ အခြားနည်းကျူးလွန်အသုံးပြုမှုများအား ရှင်းလင်းဖယ်ရှားနိုင်ရန်အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် အဖွဲ့များအနေဖြင့် အခြားနည်းကျူးလွန် အသုံးပြုမှုများအား ရှင်းလင်း ဖယ်ရှားဆောင်ရွက်ရာတွင် တစ်ရက်တည်း အပြီးဖျက်သိမ်း ဖယ်ရှားရှင်းလင်းခြင်းမဟုတ်ပဲ အပတ်စဉ် မြေပြင်ကွင်းဆင်းစစ်ဆေး၍ ရှင်းလင်းဖယ်ရှား ဆောင်ရွက်ကြခြင်းဖြစ်ပြီး ငွေကြေးပေးနိုင်သူ၊ တာဝန် နှင့်လုပ်ပိုင်ခွင့်ရှိသူတွေနှင့် ပတ်သက်ရာ ပတ်သက်ကြောင်းများကို ချန်လှပ်၍ ရှင်းလင်းဖယ်ရှား ဆောင်ရွက်ခဲ့ခြင်းများ မရှိပါကြောင်းနှင့် ကျူးလွန်အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ အကျိုး နစ်နာပါက သက်ဆိုင်ရာခရိုင်/ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ များထံ တင်ပြဆောင်ရွက်ပြီး ချပြရှင်းလင်း မှုကို ခံယူ၍ လိုက်နာဆောင်ရွက်သင့်ပါကြောင်း ဖြေကြားထားခြင်း ဖြစ်သည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment