မော်လမြိုင်၊ မတ် ၂
၂၀၂၅ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်အသီးသီးရှိ ရပ်ကွက်ကျေးရွာများမှ တောင်သူများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဖတ်ကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအားတိုးမြှင့်ရေး၊ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာကဏ္ဍတွင် စက်ကိရိယာ သုံးစွဲခြင်း၏ အကျိုးကျေးဇူး၊ ဝက်မွေးမြူရေးကဏ္ဍနှင့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်မှု၊ အသားကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ကြက်နှင့် ဘဲ တိုးချဲမွေးမြူရေး၊ ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးတင်ပြကြသည့် ပညာရှင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် စိုက်ရေးပျိုးရေးကဏ္ဍတွင် ထူးချွန်သော တောင်သူအစုအဖွဲ့များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က မတ်ပဲနှင့် ပဲတီစိမ်း၊ စံပြအကွက်ပန်းတိုင်းအထွက်နှုန်း ရရှိသည့် မြို့နယ်များမှ တောင်သူအစုအဖွဲ့များအား လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဘက်စုံမွေးမြူသူ၊ ဝက်သားပေါက်ဖြန့်ဖြူးခြင်းနှင့် အသားတိုးထုတ်လုပ်နိုင်သူ၊ ငါးမွေးမြူရေး ထူးချွန်လုပ်ကိုင်သူတို့အားလည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ထူးချွန်ဆုရရှိသူများ၊ ဆွေးနွေးဟောပြောကြသည့် ပညာရှင်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူး၍ တက်ရောက်လာကြသောတောင်သူ လယ်သမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော မွန်ပြည်နယ်ရှိ အဓိကမြေအမျိုးအစားများ၊ တစ်ပိုင်တစိနိုင် မျိုးသန့်ပွားနည်းစနစ်များ၊ သီးနှံပိုးမွှားရောဂါ လက္ခဏာများ၊ ရောဘာမျိုးများ ခင်းကျင်းပြသထားမှု၊ ရောဘာအစေ့ခြစ်လုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ Myanmar GAP၊ ပြည်နယ်အတွင်း အဓိက စိုက်ပျိုးသော ဥယျာဥ်ခြံသီးနှံများ၊ လယ်ယာသုံးစက်ကိရိယာပစ္စည်းများ ပြခန်းတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်၍ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအား တိုးမြှင့်ရေး၊ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာကဏ္ဍတွင် စက်ကိရိယာသုံးစွဲခြင်း၏ အကျိုးကျေးဇူး၊ ဝက်မွေးမြူရေးကဏ္ဍနှင့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်မှု၊ အသားကဏ္ဍ တိုးတက်မြှင့်မားရေးအတွက် ကြက်နှင့်ဘဲ တိုးချဲမွေးမြူရေး၊ ငါးမွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရှင်များက ဆွေးနွေးဟောပြောခဲ့ကြကာ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြား၍ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက အခမ်းအနားမှ ရရှိသည့် ဆွေးနွေးပွဲ ရလဒ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment