မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို နောင်လာနောက်သား ကလေးငယ်များက လက်ဆင့်ကမ်းထိန်းသိမ်းကြရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို နောင်လာနောက်သား ကလေးငယ်များက လက်ဆင့်ကမ်းထိန်းသိမ်းကြရမည်





ပွင့်ဖြူ၊ မတ် ၂

မြန်မာနိုင်ငံတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များစွာရှိပေရာ မြန်မာ့ရိုးရာအတာသင်္ကြန်၊ မြန်မာ့ရိုးရာသနပ်ခါး၊ ရိုးရာယဉ်ကျေးမှုဖြင့် ဝတ်စားဆင်ယင်ထုံးဖွဲ့ခြင်း၊ ရိုးရာဂီတ၊ မြန်မာ့ရိုးရာ အားကစားများနှင့် ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာ လက်မှုအနုပညာများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များပင်ဖြစ်သည်။

ထိုရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို နောင်လာနောက်သား ကလေးငယ်များက မတိမ်ကောမပပျောက်အောင် ထိန်းသိမ်းကြရမည်။ ရိုးရာအမွေအနှစ်ဟူသည် စံထိုက်မှ စံ၊ အမွေဆက်ခံထိုက်မှ ဆက်ခံကြရသည်။ အမွေဆက်ခံသူက ကိုယ်ရယူရမဲ့ အမွေကို မြတ်မြတ်နိုးနိုးနဲ့ ခုံမင်နှစ်သက်စွာရယူပြီး၊ တန်ဖိုးထားပါမှ ရိုးရာအမွေအနှစ်ဟာ ကိုယ့်ဆီမှာနှစ်ပရိစ္ဆေဒကြာမြင့်စွာ တည်တန့်နေပေမည်။

ထို့အတူ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ကလေးငယ်များထားရှိသည့် မြန်မာ့ရိုးရာ အမွေအနှစ်တစ်ခုဖြစ်သော ဆံကေသာ ဆံရစ်ဝိုင်းအလှမှာ ရှေးနှစ်ပေါင်း ၂၀၀ ကျော်မှ ယနေ့တိုင် အထင်အရှားတည်ရှိကာ မြတ်မြတ်နိုးနိုးဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းလျက် ရှိကြသည်။

ထိုရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းထားကြသော ကျေးလက်တောရွာများမှ မောင်၊ မယ်လေးများ၏ ဆံရစ်ဝိုင်းပုံ ဆံပင်ပုံစံများ၏ ယဉ်ကျေးသိမ်မွေ့၍ ကျက်သရေရှိခြင်းက Online မီဒီယာလောကမှ ကမ္ဘာသို့ပျံ့နှံ့ကာ လာရောက်လေ့လာကြည့်ရှုရတဲ့အထိ ချစ်စရာကောင်းသည့် ဓလေ့များပင်ဖြစ်ပေသည်။ ထိုကဲ့သို့ ရှေးခေတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ကျူးပြသနေသော ဆံပင်ပုံစံနှင့်လျော်ညီသည့် ဆံရစ်ဝိုင်းအလှကို ဆက်လက်ထိန်းသိမ်းထားကြသူများမှာ ရှားရှားပါးပါး မြန်မာနိုင်ငံတွင် ကျေးရွာသုံးရွာသာရှိပြီး မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းရွာ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စက်စက်ယိုကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ကလေးငယ်များပင်ဖြစ်ကြသည်။


ဇေယျာနိုင်(ရွှေကန်မြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)