မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးမြို့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးမြို့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



ချမ်းအေးသာစံ၊ မတ် ၂၆

မန္တလေးမြို့တွင် ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲ တော်ကိုစည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးမြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် သံဃာတော် ၁၀၈ ပါးဖြင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ရေးနှင့် ကောင်းမှုကုသိုလ်ပြုလုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီများမှ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

လုပ်ငန်းအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ပါကြောင်း၊ ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးများမှ ဆုံးဖြတ်ချက်များနှင့် ဆွေးနွေးဆုံးဖြတ်ရန်ကျန်ရှိသည်များကို ယခုအစည်းအဝေးတွင်အပြီး သတ်ဆွေးနွေးဆုံးဖြတ်ကာ လုပ်ငန်းများကို စတင်ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်သည် ယူနက်စကို၏ လူသား မျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် အတည်ပြု သတ်မှတ်ခံရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး အတာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက်ထိန်းသိမ်း ကျင်းပရင်း ယခင်နှစ်များနှင့်မတူ ပြည်သူအားလုံးအေးချမ်းပျော်ရွှင်ဆင်နွှဲကာ ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သင်္ကြန်မဏ္ဍပ်၊ ရေကစားမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်များ၊ ဖျော်ဖြေရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းကော်မတီ အလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုနှင့်အညီကျင်းပသွားမည်ဖြစ်ရာ အားလုံး တက်ညီလက်ညီကြိုးပမ်းသွားကြ ရမည်ဖြစ်ပါကြောင်း၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင်သံဃာတော် ၁၀၈ ပါးဖြင့် ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ဆွမ်း၊ ဆန်စိမ်း လောင်းလှူခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ ခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ရာ ကော်မတီနှင့် လုပ်ငန်းကော်မတီများအလိုက် လစ်ဟင်းမှုမရှိစေရေးစနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက မြန်မာ့ရိုးရာနှစ်သစ် ကူးအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားနောက် လုပ်ငန်းကော်မတီဝင်များ၊ ဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး အကြံပြုချက်များနှင့် ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)