ကျောက်ပန်းတောင်းမြို့နယ်ရှိ ဘူမိနယ်မြေ(၄)ပုပ္ပားတောင်သွားရာလမ်း သုံးထပ်ကွေ့ ဧရာဝတီကျောက်လွှစုကိုလေ့လာနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်ရှိ ဘူမိနယ်မြေ(၄)ပုပ္ပားတောင်သွားရာလမ်း သုံးထပ်ကွေ့ ဧရာဝတီကျောက်လွှစုကိုလေ့လာနိုင်






ညောင်ဦး၊ ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်ရှိ ပုပ္ပားတောင်သည် နှစ်သန်းပေါင်းများစွာက မီးတောင်ရှင်တစ်လုံးဖြစ်ခဲ့ပြီး မီးတောင်ပေါက်ကွဲစဉ် မီးတောင်ပြာများ၊ ချော်တုန်းချော်ခဲများ နှစ်ကာလကြာမြင့်လာချိန် အသွင်ပြောင်းလာရာမှ တန်ဖိုးမဖြတ်နိုင်သည့် ကျောက်ဆိုင်ကျောက်သားများဖြစ်လာကာ ရှေးနှစ်သန်းပေါင်းများစွာကတည်းက ပတ်ဝန်းကျင်ဂေဟစနစ်ပြောင်းလဲလာသည့် ဘူမိနယ်မြေ(၄)ဧရာဝတီ ကျောက်လွှာစုကို လေ့လာနိုင်ကြောင်း  ပုပ္ပားတောင်ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်အုန်းကျော်ထံကသိရသည်။

ကျောက်ပန်းတောင်းမြို့မှ မြင်းခြံ-တောင်သာမြို့သို့သွားရာ သုံးထပ်ကွေ့စတင် တက်သည့် နေရာတွင်တည်ရှိသည့် ဘူမိနယ်မြေ(၄)အဖြစ် သတ်မှတ်ထားသည့် ဧရာဝတီ ကျောက်လွှာစုသည် အဓိကအားဖြင့်တွဲဆက်မှုအားနည်းသော ရွယ်ကြီးစေ့သဲကျောက်များဖြင့် ဖွဲ့စည်းထားပြီး ဧရာဝတီကျောက်လွှာစု၏ သက်တမ်းသည် မိုင်အိုဆင်းနှောင်းပိုင်းမှ ပလိုင်အိုဆင်း (လွန်ခဲ့သောနှစ်သန်းပေါင်း ၁၁.၅ သန်းမှ ၂ သန်းအတွင်း)ဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များ ထံကသိရသည်။ ဤကျောက်လွှာစုတွင် ကန့်လန့်ဖြတ်လွှာအင်ကဲ့သို့သော အနည်ကျအနေအထားများကို ပေါများစွာတွေ့ရပြီး ရှေးဦးပေါ်ပေါက်ခဲ့သည့်  ဆင်၊ ကြံ့၊ တောဝက်၊ ကျွဲ၊ နွား ၊သမင်၊ မိကျောင်းစသည့် ကျောရိုးရှိသတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် အပင်ရုပ်ကြွင်း တစ်မျိုးဖြစ်သော အင်ကြင်းကျောက်များကို တွေ့ရှိရကြောင်းသိရသည်။ ပုပ္ပားတောင်မကြီး၏ အနောက်ဘက်နှင့်အနောက်မြောက်ဘက်တို့တွင် ထိုသဲကျောက်လွှာတို့နှင့်အတူ ချော်မှုန့်ကျောက်များကို လွှာစဉ်ထပ်အနေအထားဖြင့် လာရောက်လေ့လာနိုင်ကြောင်းလည်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)