နေပြည်တော်၊ မတ် ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ပထမဒုတိယဝန်ကြီး Mr. Pavel Sorokin နှင့် ရုရှားနိုင်ငံတော်ပိုင် ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီ “Zarubezhneft” မှ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ Mr. Alesksander Boldyrev တို့ကို ၅-၃-၂၀၂၅ ရက်နေ့က မော်စကိုမြို့ရှိ Radisson Collection ဟိုတယ်၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ထားဝယ်ရေနက်ဆိပ်ကမ်းအနီး LNG Terminal တည်ဆောက်၍ ပြည်တွင်းသုံးနှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး ရင်းနှီးမြှုပ်နှံဆောင်ရွက်ရေး၊ LNG Terminal မှတစ်ဆင့် ဆက်သွယ်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်နိုင်ရန်ကိစ္စများတွင် ရင်းနှီးမြှုပ်နှံရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရေနံချက်စက်ရုံတည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံရေး၊ မြန်မာနိုင်ငံ၏ စက်သုံးဆီလိုအပ်ချက်များကို သက်သာသောဈေးနှုန်း (friendly price)ဖြင့် ရရှိနိုင်ရန် ကူညီဆောင်ရွက်ပေးရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ရေးတွင် အဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရန် အကူအညီပေးရေးနှင့် အလားအလာကောင်းများရှိနေသည့် ကမ်းလွန်လုပ်ကွက်များတွင် ရုရှားကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းဆောင်ရွက်ရန်အတွက် ဖြစ်နိုင်ခြေဆန်းစစ်ခြင်းအား လာရောက်ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment