အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ နွေရာသီကျောင်းအားလပ်ရက်များတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ နွေရာသီကျောင်းအားလပ်ရက်များတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများ ဖွင့်လှစ်




ဘားအံ၊ မတ် ၃

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီမှကြီးမှူးဖွင့်လှစ်သော နွေရာသီကျောင်းအားလပ်ရက်များတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဖွင့်ပွဲကို မတ်လ ၃ ရက်နေ့ နံနက် ၈ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သက်မွေးပညာကာလတိုသင်တန်းများအဖြစ် အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့် ဆိုလာတပ်ဆင်ခြင်း သင်တန်းတို့ကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သင်တန်းပြီးဆုံးပါက သင်ယူရရှိခဲ့သည့် အသိ ပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးချ၍ မိမိမိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့် သွင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းစရိတ်ချီးမြှင့်ငွေကျပ် ၁၂၂၅၈၀၀ဝိ/ (တစ်ရာနှစ်ဆယ့်နှစ်သိန်း ငါးသောင်းရှစ်ထောင်ကျပ်) ကို ကျောင်းအုပ်ကြီးထံ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများကို သင်တန်းသားကိုယ်စားလှယ်များထံ ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား၊သင်တန်းသူ(၂၀)ဦး၊ အခြေခံစက်ချုပ် သင်တန်းတွင် သင်တန်းသူ (၂၀) ဦး၊ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း အခြေခံနှင့်ဆိုလာတပ်ဆင်ခြင်းသင်တန်းတွင် သင်တန်းသား (၂၀) ဦး စုစုပေါင်းသင်တန်း သား၊ သင်တန်းသူ(၆၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄) ပတ်ကြာမြင့်မည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ သင်တန်းခန်းမများတွင် ကျွမ်းကျင်သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ စတင်သင်ကြားပို့ချပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


စောမျိုးမင်းသိန်း

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)