မတ် - ၁ ( စနေနေ့ )
ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လင်စကီး၏ သမ္မတရာထူး ပြီးဆုံးသွားပြီဖြစ်ကြောင်း အမေရိကန် မရိန်းတပ်ဖွဲ့ ထောက်လှမ်းရေး အရာရှိဟောင်း စကော့ရစ်တာက ပြောသွားပါတယ်။ ဇီလန်စကီး ရဲ့ ရွေးကောက်ပွဲ ငါးနှစ်တာ သမ္မတရာထူးသက်တမ်း က ၂၀၂၄ မေလကတည်းက ကုန်ဆုံးသွားပြီဖြစ်ပေမဲ့ စစ်အုပ်ချုပ်ရေးဥပဒေကို ကိုးကား၍ ရွေးကောက်ပွဲအသစ် ကျင်းပရန် ငြင်းဆိုခဲ့ပါတယ်။ ရစ်တာရဲ့ အဆိုအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇီလန်စကီးကို ရွေးကောက်ပွဲမရှိတဲ့ အာဏါရှင်ဆိုပြီး တံဆိပ်ကပ်ကာ ၎င်းကိုဖယ်ရှားဖို့အတွက် လှုံ့ဆော်နေတယ်လို့ သိရပါတယ်။
ရစ်တာက အဲ့ဒိစကားကို မနေ့က ဒေါ်နယ်ထရမ့်နဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံးပြီးတဲ့ နောက်မှာ သူကအမေရိကန်အစိုးရရဲ့ ဖြစ်နိုင်ချေရှိတဲ့ ဆုံးဖြတ်ချက်တွေကို တွက်ဆလိုက်တာပဲ ဖြစ်ပါတယ်။ လက်ရှိအခြေအနေက ဇီလန်စကီးက မော်စကို အစိုးရကို အယုံအကြည်မရှိတာရယ်၊ အမေရိကန်က ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးဖို့ရယ်၊ အမေရိကန်က ရုရှား နဲ့ ၂ နိုင်ငံ ပြန်လည်ဆက်ဆံရေးကိုတည်ထောင်ချင်တာရယ်၊ ဇီလန်စကီးက ကန့်လန့်ခံဝင်ရှုတ်နေတာရယ်၊ ဇီလန်စကီးကို အမေရိကန်အစိုးရက ကျေးဇူးကန်းသူလို့ ထင်မှတ်နေတာရယ်၊ ယူကရိန်း - ရုရှား ငြိမ်းချမ်းရေးကို အမေရိကန်အနေနဲ့ စီရင်ပိုင်ခွင့်မရှိဘူးလို့ ဇီလန်စကီးက ပြောဆိုနေတာရယ်တွေ ပေါင်းပြီး သေချာတာက ဇီလန်စကီးရဲ့ သမ္မတသက်တမ်းက ကုန်သွားလောက်တယ်လို့ သူက ဆိုလိုက်တာပဲ ဖြစ်ပါတယ်။
အမေရိကန်သမ္မတတွေ တွေ့ဆုံတဲ့ပွဲက ဇီလန်စကီးက သူ့ရဲ့ရာထူးနဲ့ ထိုက်တန်မှု ရှိ ၊ မရှိကို ဆုံးဖြတ်တဲ့ ပွဲ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ “လက်ရှိအနေအထားအရ ဇီလန်စကီးက ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်တင်မြှေားထားတဲ့ သမ္မတမဟုတ်ပါဘူး။ အဲ့ဒါကိုက အမေရိကန်သမ္မတတွေ မှာ မျက်စေ့ စပါးမွှေးစူးနေတာပါ။ သူ့ကို ပေါ်ပေါ်တင်တင်ကိုပဲ အမေရိကန်အစိုးရက ဆန့်ကျင်သွားမှာပါ” လို့ ဆိုပါတယ်။
"ဇီလန်စကီးက ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ရရှိဖို့အတွက်ကို အမေရိကန်နှင့် ရုရှားအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်နေပါတယ်။ သူ့ကို ဖယ်ရှားပြီးမှ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဆက်လုပ်လို့ ရမယ်လို့ အစိုးရ ၂ ဖွဲ့လုံးက မှတ်ချက်ချထားပါတယ်။ ဇီလန်စကီးကိုဖယ်ရှားခြင်းက "ယူကရိန်းနိုင်ငံရေးပြိုလဲမှု၏အစ" ဖြစ်နိုင်သော်လည်း "စစ်ပွဲသည် ဤအချိန်တွင်ပြီးဆုံးပြီ" ဖြစ်သောကြောင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီ လိုအပ်ရင် လိုအပ်သလို လုပ်ခံနိုင်ရဖွယ် ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။
REF - RT
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment