နေပြည်တော်၊ မတ် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား၊ ဘယ်လာရုစ် ခရီးစဉ်များ ပြီးဆုံး၍ ယမန်နေ့က အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွါလာစဉ် မီဒီယာများ၏ သီးသန့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် "ကျွန်တော်တို့နိုင်ငံက ပထဝီအနေအထားကြည့်မယ်ဆိုရင် တကယ့်ဆုံချက်မှာရှိတယ်။ မြန်မာနိုင်ငံလောက် အခွင့်အရေးကောင်းတဲ့နိုင်ငံမရှိဘူး။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ အခြေပြုပြီးတော့ စီးပွားရေးလုပ်ငန်းလုပ်မှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံကို ဖြတ်ပြီးတော့သွားမှာပဲ ဖြစ်ဖြစ်၊ ခုနကပြောတဲ့ ကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုလုံးကို ကူးလူးဆက်ဆံနိုင်ခွင့်ရမယ်ဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်တို့ဗျာ တကယ်ကို လက်တွဲလုပ်ဖို့ အသင့်တော်ဆုံးအချိန် ရောက်နေပါပြီ။" ဟု ဖြေကြားထားသည်။
ဗိုလ်ချုပ်မှူးကြီး က "ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေအပေါ်မှာလည်း ဦးစားပေးပြီးတော့ ကျွန်တော် ဆောင်ရွက်ပေးမယ်။ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျပြီးကျန်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေအားလုံးကို ကျွန်တော် ဦးစားပေးပြီး ဆောင်ရွက်ပေးမယ်။ အခုထိတတ်နိုင်သမျှ ကျွန်တော်လုပ်ပေးပါတယ်။ ကျွန်တော်တို့နိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်ကို သွားမှာ နံပါတ်တစ်ချက်ပေါ့။ ကျွန်တော်တို့က လွတ်လပ်ရေးရပြီးတာ ၇၇ နှစ်တာကြာခဲ့ပြီ။ ကျွန်တော်တို့မှာ ပဋိပက္ခပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရတယ်။ တစ်ကယ်တော့ ကျွန်တော်တို့မှာရှိတဲ့ လူသားအပါအဝင် သယံဇာတအရင်းအမြစ်တွေများစွာရှိတယ်။ ဒါတွေကို အသုံးချမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တိုင်းပြည်က မုချတိုးတက်တဲ့တိုင်းပြည်တစ်ခုဖြစ်ရမယ်။ ဒီအတွက် ကျွန်တော်တို့ က ပူးပေါင်း ဆောင်ရွက်မှု အလားအလာကိုရှာတဲ့အခါမှာ ရုရှားနိုင်ငံဟာ ကျွန်တော်တို့အတွက် ပူးပေါင်း ဆောင်ရွက်မှုအလားအလာရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ကျွန်တော်တို့မြင်တာပေါ့။ ရုရှားနိုင်ငံ တင်မက ပါဘူး။ နိုင်ငံတွေများစွာရှိပါတယ်။ သို့သော်လည်းပဲ အလျင်မြန်ဆုံး ဆောင်ရွက်ပေးနိုင်မယ့်နိုင်ငံက ရုရှားနိုင်ငံဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံကို ကျွန်တော်သွားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံရေးအရ ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။ နိုင်ငံရေးအရ ပြည်သူတွေ တောင်းဆိုတဲ့ ပါတီစုံဒီမိုကရေစနစ်ကိုသွားဖို့အတွက် ကျွန်တော်တို့က ဆုံးဖြတ်ပြီးသားဖြစ်တယ်။ ဒါကို ကျွန်တော်တို့က အကောင်အထည်ဖော်နိုင်ဖို့အတွက် တစ်ဖက်က ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမှာပေါ့။ တစ်ဖက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးကိုရအောင်လည်း ကျွန်တော်တို့ လုပ်ရမှာပေါ့။" ဟု ပြောသည်။
တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ "ဒါကြောင့် ရုရှားသမ္မတကြီးကလည်း မြန်မာနိုင်ငံအတွက် ရုရှားဘက်က ကူညီမယ်လို့ သူပဲပြောတယ်။ သို့ပေမယ့်လည်း ဘယ်လာရုစ် သမ္မတကြီးH.E .Mr Alexander Gregoryevich Lukashenko ကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အစစအရာရာပူပေါင်း ဆောင်ရွက်ပေးမယ် ကူညီပေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့အတွက် ခွန်အားတွေဖြစ်သလို တိုင်းပြည်အတွက်လည်း အားတစ်ခု ကျွန်တော်တို့ရမှာပါ။ ကျွန်တော်တို့နိုင်ငံက ပထဝီအနေအထား အရ ကြည့်မယ်ဆိုလို့ရှိရင် တစ်ကယ့်ဆုံချက် မှာရှိတယ်။ အရှေ့တောင်အာရှနိုင်ငံ၊ အာဆီယံမှာ အနောက်ဘက်အကျဆုံး နိုင်ငံဖြစ်တယ်။ ကျွန်တော်တို့ရဲ့အနောက်ဘက်မှာ လူဦးရေသန်းပေါင်း ၁ ဒသမ ၄ ဘီလီယံ ကျော်လောက်ရှိတဲ့ အိန္ဒိယနိုင်ငံရှိတယ်။ လူဦးရေသန်းပေါင်း ၁၆၀ ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အရှေ့တောင်ဘက်မှာ လူဦးရေ သန်းပေါင်း ၁၄၀၀ လောက်ရှိတဲ့ တရုတ် နိုင်ငံရှိတယ်။ ဒီသုံးမျိုး ပေါင်းလိုက်လို့ရှိရင် ၄ ဘီလီယံ နီးပါးလောက် လူဦးရေရှိတယ်။ အဲဒီတော့ သွားမယ့်နေရာ ဆုံချက်ကိုကြည့်မယ်ဆိုရင် တောင်ဘက်ကိုသွားရင် အိန္ဒိယသမုဒ္ဒရာ ရောက်သွားမယ်။ မြောက်ဘက်ကိုသွားမယ်ဆိုရင် တရုတ်နိုင်ငံကိုဖြတ်ပြီး ရုရှားနိုင်ငံကို ရောက်သွားမယ်။ အနောက်ဘက်ကိုသွားမယ်ဆိုရင် အိန္ဒိယနိုင်ငံကို ရောက်သွားမယ်။ အရှေ့တောင်ဘက်ကို သွားမယ်ဆိုရင် အာဆီယံနိုင်ငံတွေ အကုန်ရောက်သွားမယ်။ မြန်မာနိုင်ငံလောက် အခွင့်အရေး ကောင်းတဲ့နိုင်ငံမရှိဘူး။ ကျွန်တော်တို့နိုင်ငံက အခြေပြုပြီးတော့ စီးပွားရေး လုပ်ငန်းလုပ်မှာပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံကို ဖြတ်ပြီးတော့သွားမှာပဲဖြစ်ဖြစ်၊ ခုနကပြောတဲ့ ကြီးမားတဲ့ ဈေးကွက်ကြီး တစ်ခုလုံးကို ကူးလူးဆက်ဆံနိုင်ခွင့်ရမယ်ဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်တို့ဗျာ တကယ်ကို လက်တွဲလုပ်ဖို့ အသင့်တော်ဆုံးအချိန် ရောက်နေပါပြီ။" ဟု ထပ်လောင်းပြောဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး က "EAO တွေကိုလည်း ကျွန်တော် ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာ တွေမပြောပါနဲ့။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေပဲပြောဖို့ ကောင်းတယ်။ လူဆိုတာကတော့ ဖြစ်ချင်တာကတော့ လူတိုင်းဖြစ်ချင်တာပဲ။ ကျွန်တော်လည်း ဖြစ်ချင်တာတွေ အများကြီးရှိတာပဲ။ ဒါပေမယ့် ကျွန်တော်ဖြစ်ချင်တာ ဖြစ်ချင်မှလည်းဖြစ် လိမ့်မယ်။ ဖြစ်သင့်တာ ဖြစ်နိုင်တာကိုပဲ ကျွန်တော်တို့သွားတာကောင်းတယ်။ ကျွန်တော်တို့ ပြောတယ်။ ကျွန်တော်တို့ တစ်အချက် ဒီမိုကရေစီအခွင့်အရေးပေးတယ်။ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ အခွင့် အရေးပေးတယ်။ ကမ္ဘာမှာကြည့်လိုက် အကုန်လုံးက မျှတတဲ့အခွင့်အရေးပဲ ကိုယ်ရတယ်။ တစ်ဖက်သတ် အခွင့်အရေးကို သွားပေးလို့မရဘူး။ တိုင်းရင်းသားဘက်က စဉ်းစားဖို့ သင့်တယ်ဆိုတာ ကျွန်တော် ပြောလိုတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေဘက်ကိုလည်း ဦးစားပေးပြီးတော့ ဆောင်ရွက် ပေးမယ်။ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျပြီး ကျန်ခဲ့တဲ့ တိုင်းရင်းသား နယ်မြေတွေ အားလုံးကိုဦးစားပေးပြီး ကျွန်တော်ဆောင်ရွက် ပေးမယ်။ အခုထိ ကျွန်တော်တတ်နိုင် သမျှလုပ်ပေးပါတယ်။ မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကုန်ထုတ်လုပ်ငန်းတွေကို မလွတ်ဘူး။ အနာဂတ်အတွက် သိပ္ပံနဲ့နည်းပညာကို ကျွန်တော်မလွတ်ဘူး။ သူတို့က စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းမှာ အခြေခံတဲ့စက်မှုလုပ်ငန်းတွေ က အများကြီး ကောင်းတယ်။ သိပ္ပံနည်းပညာ မှာလည်း အများကြီးကောင်းတယ်။ သူတို့က အနိမ့်တစ်ခုနဲ့ အမြင့်တစ်ခုအားလုံးကို အတူတူ ပေါင်းစပ်ပေးနိုင်တဲ့ အနေအထားရှိတယ်။ အဲဒါက ကျွန်တော်တို့အတွက်လိုအပ်ချက်ပဲ။ ဒါကြောင့် ကျွန်တော် ပြောရဲပါတယ်။ ပူးပေါင်းဆောင်ရွက် မယ်ဆိုလို့ရှိရင် ဒီဟာကကျွန်တော်တို့ တိုင်းပြည် အတွက် အကျိုးအမြတ်မုချရှိမယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။" ဟု ခရီးစဉ်အတွင်း ရရှိခဲ့သည့် သဘောတူညီချက်များနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်တွဲဆောင်ရွက်ရန် ဖိတ်ခေါ်ထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment