ဟင်္သာတမြို့နယ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတမြို့နယ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ပို့ချ




ဟင်္သာတ၊ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့ရှိ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ အမျိုးသားခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ ဟင်္သာတမြို့နယ်ပညာ ရေးမှူး ဦးထင်အောင်ကျော်၊ ပညာရေးဌာတာဝန်ရှိသူများနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများ စုစုပေါင်းအင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။ 

အဆိုပါအခမ်းအနားတွင် ဟင်္သာတခရိုင်ပညာရေးမှူး ဦးတိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဟင်္သာတမြို့နယ်ပညာရေးမှူး ဦးထင်အောင်ကျော်ကသင်တန်းသား/သူ ဆရာ/မများအနေဖြင့် မိမိတို့သင်ကြားလျက်ရှိသော ဘာသာရပ်များအလိုက် သင်ကြားရေးစွမ်းရည်များ မြင့်မားလာစေရန် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း၊ သင်တန်းမှ နည်းပြဆရာ/မများ၏ သင်ကြားပို့ချ မှုများအား သေချာစွာမှတ်သားလေ့လာကြစေလိုကြောင်း၊ သို့မှသာ မိမိတို့တာဝန်ကျရာ အခြေခံပညာကျောင်းများ၌ သက်ဆိုင်ရာဘာသာရပ်များအပေါ် ကျောင်းသား/သူများအလွယ်တကူ နားလည်မှတ်သားနိုင်ရန် ပြန်လည်သင်ကြား ပြသပေးနိုင်မည်ဖြစ်ကြောင်းစသဖြင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည် မြှင့်သင်တန်းအား အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် နည်းပြဆရာ/မ (၄၅) ဦး၊ သင်တန်းသား/သူ ဆရာ/မ(၆၃၆)ဦးတို့ဖြင့်လည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည် မြှင့်သင်တန်းအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နည်းပြ ဆရာ/ဆရာမ (၅၁) ဦး၊ သင်တန်းသား/သူ ဆရာ/မ (၈၃၅) ဦးတို့ဖြင့်လည်းကောင်း၊ မူလတန်းဆင့်ကို နည်းပြ (၁၃၀) ဦး ၊ သင်တန်းသားသင်တန်းသူဆရာ၊ ဆရာမ (၁၆၅၀) ဦးတို့ဖြင့်မြို့ပေါ်ရှိ အ.ထ.က ၂၊ အ.ထ.က ၃၊ အ.ထ.က ၄​ ကျောင်းများတွင် ၂၀၂၅ ရက်နေ့မှ ၂၈.၃.၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ခရိုင် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)