လိပ်သို၊ မတ် ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားမှ ဒေသခံများမှာ ကတက်ပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားလျက်ရှိကြရာ ယခုအချိန်တွင် ကတက်ရွက်နုများ စတင်ထွက်ရှိလာချိန် ဆွတ်ခူးပြီး အချဉ်တည်ကာ ရောင်းချခြင်းဖြင့် မိသားစုအထောက်အကူပြုလျက်ရှိနေကြောင်း သိရသည်။
လိပ်သိုဒေသတွင် ကတက်ပင်များကို အခြားသော ဥယျာဉ်ခြံသီးနှံများနှင့် ရောနှောစိုက်ပျိုးကြပြီး အချို့အပင်များမှာ သဘာဝအလျောက် ပေါက်ရောက်ရှင်သန်လျက်ရှိကြောင်း၊ ရာသီစာ ကတက်ရွက်များကို ဆားရည်စိမ် အချဉ်တည်ပြီး အသားငါးနှင့်ရောချက်၍လည်းကောင်း၊ တို့စရာနှင့် အသုပ်ဟင်းအဖြစ်လည်းကောင်း ပြုလုပ်စားသုံးကြသည့်အပြင် ကတက်အခေါက်ကို ဆေးအဖြစ်သွေး၍ လိမ်းကြံကြကြောင်း သိရသည်။
ယခုအခါ ကတက်ပင်များ ရှားပါးလာခြင်း၊ လူဦးရေ တိုးပွားလာပြီး စားသုံးသူများပြား လာခြင်းတို့ကြောင့် ကတက်ချဉ်တစ်စီးလျှင် (၁၀၀ဝိ/-) ကျပ်မှ (၂၀၀ဝိ/-) ကျပ်အထိ ရောင်းချကြကြောင်း၊ ကတက်ပင်များမှာ စိုက်ပျိုးပြုစုထိန်းသိမ်းရန် လွယ်ကူပြီး မိသားစုစားသုံးရန်အပြင် အပိုဝင်ငွေပါ ရရှိနိုင်သဖြင့် စီးပွားဖြစ်စိုက်ပျိုးသင့်ကြောင်း ကတက်ပင် စိုက်ပျိုးသူဒေသခံတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment