မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အကြိုအထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အကြိုအထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ






မြစ်သား၊ မတ်  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth  Club အသင်းတို့   ပူးပေါင်းကျင်းပသောနှစ်(၈၀)ပြည့် တပ်မတော်နေ့အကြိုအထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က နှစ်(၈၀)ပြည့် တပ်မတော်နေ့အကြိုအထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍  လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစား တွေးခေါ်နိုင်မှုနှင့်ဉာဏ်ရည် ဉာဏ်သွေးများတိုးတက်စေရန်၊ စိတ်ပိုင်းဆိုင်ရာအထောက်အကူပြုနိုင်စေရန် စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး Youth Club အသင်း အတွင်းရေးမှူး ဒိုင်လူကြီး ဆရာကြီး ဦးဇော်သိန်းက စစ်တုရင်ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ပြောကြားခဲ့သည်။ထို့နောက်မြို့ပေါ် (၆) ရပ်ကွက်မှ စစ်တုရင်ဝါသနာရှင်ပြိုင်ပွဲဝင် (၁၄)ဦးတို့သည် မဲနိုက်စနစ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် စစ်တုရင်ပြိုင်ပွဲ၌ ပထမဆု၊ ဒုတိယ၊ တတိယဆုနှင့်နှစ်သိမ့်ဆု ရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီမြှင့်ခဲ့ကြသည်။

စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ( ၁ ) ဗိုလ်မှူး ဘိုဘိုအောင်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်မင်းထွေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ဝန်ထမ်းများ၊ ကြီးကြပ်ရေးဒိုင်များနှင့်ပြိုင် ပွဲဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။


ဝါဝါမြင့်(မြစ်သား)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)