ဘုတ်ပြင်းမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ခရိုင်အဆင့် အထက်တန်းနှင့် မြို့နယ်အဆင့် အလယ်တန်း၊ မူလတန်းဘာသာရပ်သင်ကြားမှု အရည်အသွေးမြှင့် ဆွေးနွေးပွဲ/သင်တန်း ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ခရိုင်အဆင့် အထက်တန်းနှင့် မြို့နယ်အဆင့် အလယ်တန်း၊ မူလတန်းဘာသာရပ်သင်ကြားမှု အရည်အသွေးမြှင့် ဆွေးနွေးပွဲ/သင်တန်း ဖွင့်ပွဲကျင်းပ








ဘုတ်ပြင်း၊ မတ်  ၂၄

ဘာသာရပ်သင်ဆရာ၊ ဆရာမများ သင်ကြားရေးစွမ်းရည်မြှင့်မားလာစေရန်၊ခေတ်နှင့်အညီတိုးတက်လာနေသော ပညာရေးစနစ်များအား သိရှိလိုက်နာကျင့်သုံနိုင်စေရန်၊ အရည်အသွေးပြည့်သော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ခရိုင်အဆင့် အထက်တန်းနှင့်မြို့နယ်အဆင့် အလယ်တန်း၊ မူလတန်းဘာသာရပ်သင်ကြားမှု အရည်အသွေးမြှင့် ဆွေးနွေးပွဲ/သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင် ဘုတ်ပြင်းခရိုင် တာဝန်ခံခရိုင်ပညာရေးမှူး ဆရာကြီး ဦးဇော်နိုင်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပညာရေးမှူး ဦးအောင်စိုးက သင်တန်းနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်မည့်အချက်များ၊ဆရာ အင်္ဂါခုနှစ်ပါး ၊ဆရာဝတ္တရားငါးပါးနှင့်အညီ သင်တန်းနည်းပြများက သင်ကြားပို့ချသည့် စာတွေလက်တွေ့ ဘာသာရပ်များကို ဂရုတစိုက်လေ့လာမှတ်သား၍ ကျောင်းသား၊ ကျောင်းသူများကို စေတာနာ၊ ဝါသနာ၊ အနစ်နာ စသည့် နာသုံးနာတို့ဖြင့် စွမ်းရည်ပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများဖြစ်စေရန် လေ့ကျင့်သင်ကြားပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူ ဦးကျော်သီဟက သင်တန်းဖွင့်လှစ်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး သင်နည်းပြများက သင်တန်းစာသင်ခန်းအလိုက် ဘာသာရပ်များအား  သင်ကြားဆွေးနွေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်း ကျောင်းများမှဘာသာရပ်သင် ဆရာဆရာမများ တက်ရောက်ကြပြီး သင်းတန်းကာလမှာ  မတ်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ဆွေးနွေး/သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။ 


မြို့နယ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)