သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာနှင့် English Basic Grammar Lesson သင်တန်းဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာနှင့် English Basic Grammar Lesson သင်တန်းဖွင့်လှစ်သင်ကြား

 




သရက်ချောင်း၊ မတ် ၂၄

နွေရာသီကျောင်းပိတ်ရက်၌ လူငယ်လူရွယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌လာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်နှင့် လူငယ်ကဏ္ဍများတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာနှင့် English Basic Grammar Lesson  သင်တန်းကို မတ်လ ၂၁ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုနှင့် အငယ်တန်းစာရေး ဒေါ်ပိုးအိစိုးတို့က သင်တန်းသား/ သူများအား (Listening skill) နားထောင်မှုစွမ်းရည်၊ (Speaking skill)အပြောစွမ်းရည်၊ Reading skill) အဖတ်စွမ်းရည်နှင့် (Writing skill) အရေးစွမ်းရည်၊ English Basic Grammar Lesson တို့ကို သင်ကြားပေးလျက်ရှိရာ သင်တန်သား/သူ ၃၄ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၂၁ရက်နေ့မှ ၃၁ရက်နေ့ထိ

ဖြစ်ကြောင်း လူငယ်လူရွယ်များအနေဖြင့် သင်တန်းတက်ရောက်ရန် စိတ်ဝင်စားပါက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် လာရောက် တက်ရောက်နိုင်ကြောင်း သိရသည်။


ပြည့်ဖြိုးပိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)