ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) ကို ဆရာ၊ဆရာမအင်အား (၁၃၀၁) ဦးဖြင့် ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) ကို ဆရာ၊ဆရာမအင်အား (၁၃၀၁) ဦးဖြင့် ဖွင့်လှစ်







ဘားအံ၊ မတ် ၂၄

ဆရာ့အတတ်ပညာရပ်များကို ပညာရေးနယ်ပယ်တွင် လက်တွေ့အသုံးချ အကောင်အထည်ဖော်နေကြသော ဆရာ၊ဆရာမများအား အရည်အချင်းထပ်မံမြှင့်တင်ပေးသောအားဖြင့် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ် (၁/၂၀၂၅)ကို ယနေ့ နံနက် ၇ နာရီခွဲက ဘားအံပညာရေးဒီဂရီကောလိပ်၌ PPTT သင်တန်းတက်ရောက်အောင်မြင်ပြီးသော ဆရာ၊ဆရာမအင်အား(၁၃၀၁)ဦးဖြင့် ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဆရာ၊ဆရာမများအနေဖြင့် ယခုဖွင့်လှစ်သည့် သင်တန်းတွင် မိမိကိုယ်စွမ်း၊ ဉာဏ်စွမ်းများကို အစွမ်းကုန် စိုက်ထုတ်၍ တန်ဖိုးရှိသော ဆရာ့အတတ်ပညာရပ်များနှင့် ပြည့်စုံသည့် Expert Teacher မှသည် Leader Teacher များဖြစ်သည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး  သင်တန်းအတွက် ငွေကျပ် ၁၃၀၁၀၀၀ဝိ/- (တစ်ရာ့သုံးဆယ်သိန်းတစ်သောင်းကျပ်)ကို သင်တန်းတက်ရောက်မည့် ဆရာ၊ဆရာမများထံ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြ၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ယနေ့ဖွင့်လှစ်သည့် သင်တန်းကို လက်တွေ့တန်းပြကာလ အပါအဝင် မတ်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ (၄)လကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် နွေရာသီအင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်ပွဲကို နံနက် ၈ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အခြေခံပညာကျောင်းများတွင် ထက်၊လယ်မူအဆင့် သင်ကြားသင်ယူမှုပြီးဆုံးခဲ့သော ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်၊ အင်္ဂလိပ်စာအခြေခံကောင်းများ ရရှိစေရန်၊ အင်္ဂလိပ်စာ ထူးချွန်သူများပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချ၍ သင်တန်းပြီးဆုံးအောင်မြင်သည်အထိ ကြိုးစားသင်ယူကြ စေလိုကြောင်းပြောကြားပြီး သင်တန်းချီးမြှင့်ငွေကျပ် ၃၉၁၆၈၀ဝိ/-(သုံးဆယ်ကိုးသိန်းတစ်သောင်းခြောက်ထောင်ရှစ်ရာကျပ်)ကို ပြည်နယ်ပညာရေးမှူးရုံးမှညွှန်ကြားရေးမှူးထံ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက နွေရာသီအင်္ဂလိပ်စာအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းတက်ရောက်ကြမည့် သင်တန်းသား၊သင်တန်းသူ၊ ကျောင်းသား၊ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)