ပေါင်၊ မတ် ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ ၌၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ မူလတန်း အဆင့် Grade (5)နှင့်အလယ်တန်းအဆင့် Grade (9) များအတွက် နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ပိုင်းက မြန်မာစာဘာသာရပ် စတင်ဖြေဆိုခဲ့ကြသည်။
ထိုသို့ဖြေဆိုရာတွင် Grade (5)ဖြေဆိုရန်စာစစ်ဌာန ( ၂၇ )ခု သတ်မှတ်ထားပြီးဖြေဆိုရန်စာရင်းရှိကျောင်းသား၊ကျောင်းသူ( ၁၈၆၇ ) ဦးတွင် ဝင်ရောက်ဖြေဆိုသည့်ကျောင်းသား၊ကျောင်းသူ( ၁၈၅၆ )ဦး၊ပျက်ကွက်သူ ( ၁၁၀ )ဦးရှိကြောင်း၊ အလယ်တန်းအဆင့် Grade(9)ဖြေဆိုရန်စာစစ်ဌာန( ၁၁ )ခု သတ်မှတ်ထားပြီးဖြေဆိုရန်စာရင်းရှိ ( ၁၆၈၆ ) ဦးမှ ဝင်ရောက်ဖြေဆိုသူ ( ၁၆၄၉ )ဦးနှင့် ပျက်ကွက်သူ( ၃၇ )ဦးရှိကြောင်းနှင့် ၎င်းဖြေဆိုနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများက အနီးကပ်စောင့်ကြပ်ကြည့်ရှု့နေကြောင်းသိရသည်။
မွန်မလေး
#News #MNP
https://t.me/MyanmarNationalPost





No comments:
Post a Comment