သမ္မတက ဘုရားကျောင်းအလှူ လုပ်လို့ ဆန္ဒပြမှုတွေဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမ္မတက ဘုရားကျောင်းအလှူ လုပ်လို့ ဆန္ဒပြမှုတွေဖြစ်ပွား


မတ် - ၁၁ ( အင်္ဂါနေ့ ) 

ကင်ညာနိုင်ငံသမ္မတ ဝီလျှံရူတိုက ဒေသတွင်း ဘုရားကျောင်းတစ်ကျောင်းကို သျှီလင် သန်း ၂၀ ( ကန်ဒေါ်လာ ၁၅၅၀၀၀ ) လှူဒါန်းလိုက်တဲ့အတွက် မကျေမနပ်ဖြစ်တဲ့ လူငယ်တစ်စုက ဘုရားကျောင်းကို သိမ်းပိုက်ဖို့ ဆန္ဒပြ ချီတက်လာတဲ့ အတွက် ရဲတက်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး ရုန့်ရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

ဒေသတွင်း မီဒီယာများ၏ အဆိုအရ မြို့တော် နိုင်ရိုဘီ ၏ ရိုင်ဆန်ဘူ ရပ်ကွက်ရှိ ဂျီးဆတ်ဝင်းနား ဘုရားရှိခိုးကျောင်း ကို ပြီးခဲ့သည့် သီတင်းပတ်က သမ္မတက အလှူငွေ လှူဒါန်းခဲ့ပါတယ်။ ကင်ညာမှာက မနှစ်ကတည်းက နေထိုင်မှု စရိတ်စက ကြီးမြင့်လာလို့ လူငယ်တွေက မကျေမနပ် ဖြစ်နေရာက အဲ့ဒိလိုလှူဒါန်းမှုက နိုင်ငံအတွင်းရှိ လူငယ်များကို ဒေါသထွက်စေခဲ့ပါတယ်။ ၎င်းအပြင် သမ္မတရူတိုက အဲ့ဒိဘုရားရှိခိုးကျောင်းအတွက် လာမည့်ရန်ပုံငွေရှာဖွေပွဲအတွက် နောက်ထပ် သျှီလင်သန်း ၁၀၀ လှူဦးမယ်လို့လည်း ကတိပြုခဲ့ပါသေးတယ်။  

တနင်္ဂနွေနေ့တွင် ဆန္ဒပြသူများသည် ဘုရားကျောင်းသို့သွားသည့်လမ်းများကို ပိတ်ဆို့ကာ မီးရှို့ဖျက်ဆီးခဲ့လို့  အဓိကရုဏ်းနှိမ်နင်းရေးရဲများက မျက်ရည်ယိုဗုံးများအသုံးပြုကာ လူစုခွဲခဲ့ကြကြောင်း The Star သတင်းစာက ဖော်ပြခဲ့ပါတယ်။ 

အမည်မသိ လူရမ်းကားများကို ဘုရားကျောင်းဝန်ဆောင်မှုကို နှောက်ယှက်ရန်အတွက် လူအချို့က စည်းရုံးခဲ့တယ်လို့ ဘုရားကျောင်း၏ခေါင်းဆောင် အက်ဒ်မွိုင်းရဲ့စကားကို ကိုးကားပြီး သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဓိကရုဏ်းအတွင်း အနည်းဆုံး လူ ၃၈ ဦးကို ဖမ်းဆီးခဲ့ပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။ 

သမ္မတရူတိုက အခုလုပ်တဲ့ လှူဒါန်းမှုသည် တိုင်းပြည်၏ ယိုယွင်းနေသော ကိုယ်ကျင့်တရားများကို ဖြေရှင်းရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပြီး သူ၏ လှူဒါန်းမှုကို ခုခံကာကွယ်ခဲ့ပါတယ်။ အယ်လ်ဒိုရက်မြို့ရှိ အခြားသော ဘုရားကျောင်းတစ်ခုဖြစ်သည့် အာဖရိကန်ကုန်တွင်းပိုင်း ဘုရားရှိခိုးကျောင်း အတွက်လည်း ရှီလင်ငွေ သန်း ၂၀ ကိုလည်း လှူဒါန်းခဲ့ကြောင်း သတင်းရရှိထားပါတယ်။ 

ရူတို အစိုးရသည် မကြာသေးမီလများအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အခွန်တိုးမြင့်မှုအပေါ် အများပြည်သူ ဒေါသဖြစ်ခဲ့ပါတယ်။  လွန်ခဲ့သည့်နှစ်အတွင်းက တိုင်းပြည်ရဲ့ အကြွေးဆပ်ရန်နှင့် အစိုးရအဖွဲ့လည်ပတ်နိုင်ရန်အတွက် ဝင်ငွေဒေါ်လာ ၂.၇ ဘီလီယံရရှိရန် ရူတို အစိုးရအဖွဲ့ တင်သွင်းခဲ့သည့် အငြင်းပွားဖွယ် ဘဏ္ဍာရေးဥပဒေမူကြမ်းကို ဆန့်ကျင်သည့် နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြမှုများမှာ  ကင်ညာနိုင်ငံသား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။  နောက်ပိုင်းတွင် အဆိုပါဥပဒေကြမ်းကို ရုပ်သိမ်းခဲ့ပါတယ်။ 


Ref: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)