ရွှေဘိုမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ



ရွှေဘို , မတ် ၁၁


စစ်ကိုင်းတိုင်​ဒေသကြီး​၊ ရွှေဘိုခရိုင်စားသုံးသူ​ရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူများ၏ အကျိုးစီးပွားကို ပိုမိုအာရုံစိုက်မိလာစေရန်နှင့် စားသုံးသူများ၏ အခွင့်အရေးများကို အလေးထား လိုက်နာအကောင်အထည်ဖော်နိုင်စေရန်အတွက်ရည်ရွယ်ပြီး ကမ္ဘာ့စားသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၉)နာရီချိန်က ​ရွှေဘိုသူနာပြုသင်တန်း​ကျောင်းသ​ပြေညိုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ဦးစွာခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​သောင်းတင်​ထွေးက အဖွင့်အမှာစကား​ပြောကြားရာ အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumers International-CI)က ကမ္ဘာ့နိုင်ငံများမှ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အလေးအနက်ထားဆောင်ရွက်နိုင်ရန်အတွက် နှစ်စဥ်ဆောင်ပုဒ်တစ်ရပ်ကိုသတ်မှတ်ထုတ်ပြန်ပေးလျက်ရှိရာ ယခုနှစ်ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့၏ဆောင်ပုဒ်မှာ “လူ​နေမှုဘ​ဝအစဥ်​တည်တံ့ဖို့မျှတအသွင်ကူး​ပြောင်းဖို့” ဖြစ်ပါကြောင်း၊ စားသုံးသူများ၏ လူမှုဘဝပတ်ဝန်းကျင်ကို လုံခြုံစိတ်ချစေသော၊ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်တစ်ခုရရှိရန် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပြီး​၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦး​ဇော်မင်းသိန်းက ကမ္ဘာ့စားသုံးသူ အခွင့်အ​ရေးများ​နေ့အ​ကြောင်းနှင့် တစ်နှစ်တာလုပ်ငန်း​ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီး၊ (ရုံးချုပ်)မှပေးပို့​သော ကမ္ဘာ့စားသုံးသူအခွင့်အ​ရေးများ​နေ့ အထိမ်းအမှတ် Video Clip အား ဖွင့်လှစ်ပြသကြောင်း သိရသည်။


ထို့​နောက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦး​ဇော်မင်သိန်းက စားသုံးသူကာကွယ်​ရေးဥပ​ဒေများအား ရှင်းလင်း​​ဆွေး​နွေးပြီး၊ အသိပညာ​ပေးလက်ကမ်းစာ​စောင်များကို ဖြန့်​ဝေခဲ့ကြောင်း သိရသည်။


​အေးမြင့်စန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)