နေပြည်တော်၊ မတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖဲရိုက် လောင်းကစားပြုလုပ်နေသော အမျိုးသမီးများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်နေ တင်မာဖြူ(ခ)ခင်မိုးဝေ(၄၀)နှစ်၏နေအိမ်၌ ဖဲရိုက်လောင်းကစားပြုလုပ် နေကြောင်းသတင်းအရ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါရပ်ကွက်နေ တင်မာဖြူ(ခ)ခင်မိုးဝေ၊ တစ်ရပ်ကွက်တည်းနေ ကေသွယ်ဦး(၂၇)နှစ်၊ ဝင်းဝင်းသန်း(၄၁)နှစ် ၊ ပြုံးပြုံးသန်း(၅၇)နှစ်နှင့် မိုးမိုးအေး(၄၈)နှစ်တို့အား ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၁၅,၈၀၀ ဘတ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် တင်မာဖြူ(ခ)ခင်မိုးဝေပါ ၅ ဦးအား တာချီလိတ်မြို့မရဲစခန်း(ပ)၄၀/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment