နေပြည်တော်၊ မတ် ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မတ်လ ၃ ရက် မနက်ပိုင်းက နေပြည်တော် တပ်မတော် လေဆိပ်မှ ရုရှားနိုင်ငံကို စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲဝင်များ၊ အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ လိုက်ပါသွားကြောင်း၊ ခရီးစဉ်အတွင်း ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် နှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ ရုရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါအဝင် ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သည် ဆက်လက်ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံကို သွားရောက်မည်ဖြစ်ပြီး ဘယ်လာရုစ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချုပ် MoU များ လက်မှတ် ရေးထိုးဖို့ ရှိကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းကလည်း ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင်အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တွေ့ဆုံခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment