ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင် ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ရွာအဝင်တံတားဖွင့်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင် ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ရွာအဝင်တံတားဖွင့်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်



ဟိုင်းကြီးကျွန်း၊ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်-မော်တင်ကားလမ်းနှင့် ဇီးချိုင်ကျေးရွာသို့ဆက်သွယ်သော လမ်းပေါ်တွင်တည်ရှိသည့် ဇီးချိုင်ရွာအဝင်တံတားဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁၃း၀၀)အချိန်က ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်၊ ဧရာဝတီတိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေး(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး တံတားကမ္ဗည်းမော်ကွန်း ကျောက်စာတိုင် အား အမွေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများသည် တံတားဖွင့်ပွဲ အထိမ်းအမှတ်မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပုသိမ်-မော်တင်ကားလမ်းနှင့် ဇီးချိုင်ကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါ်တွင်တည်ရှိသည့် ဇီးချိုင်ရွာအဝင်တံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ၍ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

အဆိုပါဇီးချိုင်ရွာအဝင်တံတားသည် ကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် (၁၆၀ပေ)၊ တံတားအကျယ်(၂၀ပေ)ကျယ်၍ ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း)၊ တိုင်းဒေသကြီးအထွေထွေ ပိုလျှံရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


လှိုင်မျိုးအောင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)