ကြံခင်းမြို့နယ်၌ ဆီထွက်သီးနှံဆောင်းနေကြာ Super Sun-41 စံပြစိုက်ခင်းတွင် စံကွက်ရိတ်သိမ်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့နယ်၌ ဆီထွက်သီးနှံဆောင်းနေကြာ Super Sun-41 စံပြစိုက်ခင်းတွင် စံကွက်ရိတ်သိမ်းပွဲကျင်းပ





ကြံခင်း၊ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းနေကြာ စံပြစိုက်ခင်းအား ယမန်နေ့ နံနက် ၉ နာရီက မြို့မရပ်ကွက်၊ နန်ဦးတံတားအနီး တောင်သူ ဦးထွန်းလင်း၏ ကိုင်းမြေ၊ ကွင်းအမှတ် ၅က- ဦးပိုင်အမှတ် မ - ၁ ၊ Super Sun-41၊ (၁.၀၀) ဧက စံကွက်ရိတ်သိမ်းပွဲကို ပြုလုပ်ခဲ့သည်။

အဆိုပါ ဆီထွက်သီးနှံဆောင်းနေကြာစံကွက်ရိတ်သိမ်းနေမှုကို ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊  မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များက ဆောင်းနေကြာစံကွက်ရိတ်သိမ်းနေမှု၊ ခြွေလှေ့နေမှု တို့အား ကြည့်ရှုအားပေးကြပြီး တောင်သူများအနေဖြင့် ထွက်နှုန်းပြည့်မီစေရေး အလေးထား ဆောင်ရွက်ကြရန်နှင့် ဒေသအတွင်းဆီဖူလုံရေးအတွက် တစ်ပိုင်တစ်နိုင်ကစ၍ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေးကို ကြိုးစားစိုက်ပျိုးသွားကြရန် မှာကြားခဲ့သည်။

ထိုသို့ စံပြကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစတိုင်းသာ နှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာကျော်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး၊ မြို့မ ရပ်ကွက်၊ တောင်သူ ဦးထွန်းလင်း၏ မြေ(၁.၀၀)ဧကတွင် တစ်ဧကအပွင့်ပေါင်း ၂၁၀၀၀၊ တစ်ပွင့်ရှိ အောင်စေ့စုစုပေါင်း ၃၉၀ စေ့ ဆီထွက်သီးနှံဆောင်းနေကြာ စံကွက်ရိတ်သိမ်းခြွေပြီး နေကြာအစိုတင်း ၂၁.၂၆ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)