ဥပဒေအသိပညာဖြန့်ဝေခြင်း ဆင့်ပွားသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေအသိပညာဖြန့်ဝေခြင်း ဆင့်ပွားသင်တန်း ဖွင့်လှစ်



နေပြည်တော်၊ မတ် ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် ဥပဒေအသိပညာဖြန့်ဝေခြင်းဆင့်ပွားသင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၃၆) ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် လုပ်ငန်းခွင်ဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ ထို့အတူ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ဝန်ထမ်းများ ထဲထဲဝင်ဝင်သိရှိနားလည်ပြီး တိတိကျကျလိုက်နာနိုင်ရေးအတွက် အသိပညာဖြန့်ဝေခြင်း သင်တန်းအဖြစ် မိမိတို့ဝန်ကြီးဌာနတွင် ဖွင့်လှစ်ခြင်းဖြစ်၍ ကြိုးစားလေ့လာသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဥပဒေအသိပညာဖြန့်ဝေခြင်း ဆင့်ပွားသင်တန်း၌ အရာထမ်း ၃၆ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာသိကောင်းစရာများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ Contract Business Laws စသည့် ဥပဒေများအပြင် နိုင်ငံ့ဝန်ထမ်းအရာထမ်းများ မဖြစ်မနေသိထားသင့်သော ဥပဒေ (မူကြမ်း)ရေးဆွဲခြင်း၊ ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ၊ တစ်ဆင့်ခံဥပဒေ(မူကြမ်း)ရေးဆွဲခြင်းဆိုင်ရာ သိကောင်းစရာများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စီးပွားရေး စာချုပ်စာတမ်းချုပ်ဆိုခြင်းဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် သတိပြုလိုက်နာရမည့်အချက်များကို ပို့ချဆွေးနွေးသွားမည်ဖြစ်ကာ ဧပြီ ၇ ရက်အထိ ရက်သတ္တနှစ်ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)