Nepal-Myanmar Partnership in Digital Transformation သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

Nepal-Myanmar Partnership in Digital Transformation သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ တက်ရောက်



နေပြည်တော်၊ မတ် ၂၅

Nepal-Myanmar Partnership in Digital Transformation ကို မတ် ၂၄ ရက် နံနက် ၉ နာရီက နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်သည်။    

ဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ၂၁ ရာစု ယနေ့ခေတ်ကာလတွင် စီးပွားရေးနှင့်လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများကို ပြုလုပ်ရန် အထူးလိုအပ်ကြောင်း၊ ငွေရေးကြေးရေးကဏ္ဍဆိုင်ရာလုပ်ငန်းများကို ခေတ်နှင့်အညီဆောင်ရွက်နိုင်စေရေး၊ Public Sector တွင်လည်း အရေးကြီးသည့် အစိုးရကဏ္ဍများတွင် Digital ပိုင်းနှင့် Data သုံးသပ်မှုများကို ဆောင်ရွက်ခြင်း၊ စိစစ်မှုများ ပြုလုပ်ခြင်းတို့ကို သိရှိသဘောပေါက်စေသည့် အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေနိုင်ကြောင်း၊ ယနေ့ကျင်းပသည့် အခမ်းအနားတွင် နီပေါနိုင်ငံ၏ အစိုးရဘဏ်များ၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲခြင်းလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းတို့ကို သိရှိရမည်ဖြစ်ခြင်းကြောင့် တက်ရောက်လာသူများသို့ ဗဟုသုတများစွာ ပံ့ပိုးပေးနိုင်မည်ဖြစ်သဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ရရှိစေနိုင်ပါကြောင်းတို့ကို ပြောကြားသည်။

ထို့နောက် နီပေါနိုင်ငံဘက်မှ ၎င်းတို့၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြခဲ့ကြရာ တက်ရောက်လာကြသူများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။


သတင်းစဉ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)