နှစ်(၈၀)ပြည့်တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး (YMBA)အသင်းမှ ကြီးမှူး၍ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်(၈၀)ပြည့်တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး (YMBA)အသင်းမှ ကြီးမှူး၍ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ



ပဲခူး ,  မတ် ၂၆

နှစ်(၈၀)ပြည့်တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ပဲခူးတိုင်းဒေသကြီး)မှကြီးမှူး၍ ယမန်နေ့က ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) (ပဲခူးတိုင်းဒေသကြီး)မှ အသင်းသူ/ အသင်းသားများ၊ စစ်မှုထမ်းဟောင်းများ၊ စစ်သည်မိသားစုများ စုစုပေါင်း(၈၀)ဦး တို့က သွေးပုလင်း(၈၀)အား သွေး​ဖေါက်လှူဒါန်းခဲ့ကြသည်။

သွေးလှူဒါန်းသူများအား ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကူညီစောင့်ရှောက်မှုများပေးခဲ့ပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) (ပဲခူးတိုင်းဒေသကြီး)ဥက္ကဋ္ဌ မင်္ဂလဓမ္မဇောတိကဓဇ ဦးလှတင်ဦးနှင့် အမှုဆောင်များ၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီးတင်မောင်လွင်နှင့် အလှူရှင်များက ကြက်ဥ၊ နို့မှုန့်ထုပ်၊ အချိုရည်နှင့် ဘီစကစ်မုန့်များ လှူဒါန်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)