ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်တောင်သူများ ရေသွင်းနှမ်း အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်တောင်သူများ ရေသွင်းနှမ်း အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့




ပွင့်ဖြူ၊ ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်တောင်သူများ နွေသီးနှံစိုက်ပျိုးရာသီချိန် ရေသွင်းနှမ်း အဆင်ပြေစွာ စိုက်ပျိုးသွားနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲ့(TFDA)က စိုက်ပျိုးရေးသွင်းအားစုများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့  စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးနိုင်ရန် နန်းထက်မြန်မာစိုက်ပျိုးရေးကုမ္ပဏီက ဒို့ကျေးလက်  စိုက်ပျိုးရေးသုံးဆေးများဖြစ်သော ဘိုင်အိုကောင်း၊ ဘိုင်အိုထရိုင်ကို၊ ဘိုင်အိုဘက်စီလပ် စိုက်ပျိုးရေးသုံး ဆေးဘူးများကို ထောက်ပံ့လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရကာ အဆိုပါ စိုက်ပျိုးရေးသွင်းအားစုများကို မြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲ့(TFDA)မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များက မုန်းဇလဲကျေးရွာသို့ ‌သွားရောက်၍ မီးဘေးသင့်တောင်သူ ၁၄၂ ဦးကို တွေ့ဆုံအားပေးစကားများပြောကြားကာ ရေသွင်းနှမ်း အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် တောင်သူတစ်ဦးလျှင် သုံးမျိုးတွဲစိုက်ပျိုးရေးဆေး တစ်စုံစီနှုန်းဖြင့် စုစုပေါင်း စိုက်ပျိုးရေးသွင်းအားစု ၄၈၁ စုံကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာတွင် ယခုနှစ် မတ်လ ၁၂ ရက်နေ့က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၄၅၀၊ အိမ်ထောင်စု ၄၇၀ ရှိသည့်အနက် အိမ်ခြေ ၃၆၀ မီးလောင်ဆုံးရှုံးခဲ့ကာ အိမ်ထောင်စု ၃၇၂ စု ၊ လူဦးရေ ၁၄၄၅ ဦး မီးဘေးဒဏ်သင့်ခဲ့ရပြီး  အဆိုပါ ကျေးရွာရှိ မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ စုပေါင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သော စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် အဝတ်အထည်များ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းနှင့် စိုက်ပျိုးရေးသုံးဆေးဝါးများကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။  


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)