နေပြည်တော်၊ ဧပြီ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးလှဆွေနှင့် ပါတီတာဝန်ရှိသူများသည် ယမန်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်မိသားစုများအတွက် ဆန်၊ ဆီ၊ ရေသန့်၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များအား ထောက်ပံ့လှူဒါန်းခဲ့သည်။
လှူဒါန်းထောက်ပံ့မှုအနေဖြင့် ဆန် (၂၄)ပြည်အိတ် (၅၅)အိတ်၊ ဆီ(၅၀)ကျပ်သား (၁၂၀)ဘူး၊ ရေသန့်(၆)ဘူးကဒ် (၂၆၀)ကဒ်၊ ကြက်ဥ (၃၇၇၀)လုံး၊ ခေါက်ဆွဲခြောက် (၃၀)ထုတ်ပါ (၁၀)ဖာတို့အား ပေးအပ်လှူဒါန်းရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများကလက်ခံယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်မိသားစုများအတွက် ဆန် (၂၄)ပြည်အိတ် (၅၀)အိတ်၊ ဆီ(၅၀)ကျပ်သား (၁၀၀)ဘူး၊ ရေသန့်(၆)ဘူးကဒ် (၂၀၀)ကဒ်၊ ကြက်ဥ (၃၀၀၀)လုံး၊ ခေါက်ဆွဲခြောက် (၃၀)ထုတ်ပါ (၁၀)ဖာတို့အား ပေးအပ်လှူဒါန်းရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တာဝန်ရှိသူများကလက်ခံယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်၊ ဗဟိုအလုပ်အမှုဆောင်၊ အောက်မြန်မာပြည် အမျိုးသမီးရေးရာတာဝန်ခံဒေါ်ခင်ရွှေမြင့်နှင့် ဗဟိုကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးပါတီ ဆေးကုသရေးအဖွဲ့မှဆရာဝန်များသည် ယနေ့ ဧပြီလ (၂၆)ရက်နေ့တွင်ငလျင်ဘေးခံခဲ့ရသည့် စီမံကိန်းနှင်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် တွင် တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များကို ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးတာဝန်ခံ(မြန်မာပြည်အောက်ပိုင်း) ဗဟိုအလုပ်အမှုဆောင် ဒေါ်သိင်္ဂီဝင်းရွှေနှင့် ပါတီဌာနချုပ်မှ ဦးစီးရုံးအဖွဲ့ဝင်များနှင့် လူငယ်ပါတီဝင်များသည် မတ်လ ၂၈ ရက်နေ့၌ လှုတ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် လယ်ဝေးမြို့နယ်၊ ဗောဓိကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး အပျက်အစီး ရှင်းလင်းရေးလုပ်ငန်းများအား လုပ်အားပေးကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment