ယူကရိန်း- ရုရှားစစ်ပွဲမှာ ရုရှားဘက်ကဝင်တိုက်ပေးတဲ့ မြောက်ကိုရီးယား စစ်သားတွေကို သူရဲကောင်းတွေလို့ ကင်ဂျုံအန် ချီးကျူး - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်း- ရုရှားစစ်ပွဲမှာ ရုရှားဘက်ကဝင်တိုက်ပေးတဲ့ မြောက်ကိုရီးယား စစ်သားတွေကို သူရဲကောင်းတွေလို့ ကင်ဂျုံအန် ချီးကျူး


ဧပြီ - ၂၈ ( တနင်္လာနေ့ ) 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သည် နှစ်နိုင်ငံကာကွယ်ရေးသဘောတူညီချက်အရ ရုရှားတွင် တပ်စွဲထားသော မြောက်ကိုရီးယား တပ်ဖွဲ့များကို သူရဲကောင်းများအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပြီး ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှုများကို အမိမြေ၌ ထာဝရဂုဏ်ပြုမည်ဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဒီကနေ့ဖော်ပြခဲ့ပါတယ်။ 

ကာ့စ် ဒေသတွင် ကာလရှည်ကြာ ကောလာဟလများ ထွက်ပေါ်နေသည့် မြောက်ကိုရီးယားတပ်ဖွဲ့များ တည်ရှိနေခြင်းကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် စစ်ဦးစီးချုပ် ဗေလာရီ ဂျီယာဆီမော့ဗ် တို့ကြားတွင် စနေနေ့က ရုပ်သံဆွေးနွေးမှုအပြီးတွင် ပထမဆုံး တရားဝင် အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်။ 

မြောက်ကိုရီးယားစစ်သားများသည် ရုရှားမြေကို ၎င်းတို့ပိုင်မြေအဖြစ် ကာကွယ်ကာ မခံချင်စိတ်နှင့် အဆုံးစွန်သော စွန့်လွှတ်အနစ်နာခံမှုကို ပြသခဲ့ကြောင်း ပြုံယမ်းရှိ ဗဟိုစစ်ကော်မရှင်က တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၎င်းတို့၏သူရဲကောင်းဆန်သောလုပ်ရပ်များကို "ဒဏ္ဍာရီလာအောင်မြင်မှုများ" အဖြစ်မှတ်တမ်းတင်ခဲ့ပြီး ၂နိုင်ငံကြား "မပြိုကွဲနိုင်သောမဟာမိတ်" ကိုထပ်မံသက်သေပြခဲ့ပါတယ်။ 

“တရားမျှတမှုအတွက် တိုက်ပွဲဝင်သူတွေ အားလုံးဟာ နိုင်ငံ့ဂုဏ်ကို ဆောင်တဲ့ သူရဲကောင်းတွေပါပဲ”လို့  ကင်ဂျုံအန်းက ကြေညာချက်ကို KCNA က ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် အရေအတွက် အတိအကျ နဲ့ တိုက်ပွဲတွင် အသက်ဆုံးရှုံးခဲ့ရသည့် အရေအတွက် အတိအကျကို ကင်ဂျုံအွန်က ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ဇာတိမြေသည် ၎င်းတို့၏ စိတ်ဓာတ်ကို အမြဲအမှတ်ရနေပြီး စစ်မှုထမ်းဟောင်း မိသားစုများကို ဂုဏ်ပြုရန်နှင့် ပြုစုစောင့်ရှောက်ရန် အထူးနိုင်ငံတော် အစီအမံများ လုပ်ဆောင်ရန် ကင်ဂျုံအွန်က အလေးအနက် ပြောကြားခဲ့ပါတယ်။ 

“အားကြီးပြီး အောင်ပွဲခံတဲ့ စစ်သည်တွေရဲ့ စိတ်ဓာတ်နဲ့ သူရဲကောင်းတွေရဲ့ စိတ်ဓာတ်က လေးစားဂုဏ်ပြုတဲ့ ကုန်းမြင့်ပေါ်မှာ ထာဝစဉ် ထွန်းလင်းတောက်ပနေမှာပါ” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။ မြောက်ကိုးရီးယား ခေါင်းဆောင်သည် ရုရှားတပ်ဖွဲ့များနှင့် ရုရှားပြည်သူများအား ၎င်း၏ လှိုက်လှိုက်လှဲလှဲ နှုတ်ခွန်းဆက်စကား ပြောကြားကာ ကာ့စ်ဒေသတွင် ကြီးစွာသော အောင်ပွဲအတွက် ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။

 

REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)