ဧပြီ - ၂၉ ( အင်္ဂါနေ့)
ပြီးခဲ့သည့် သီတင်းပတ်က အိန္ဒိယ အုပ်ချုပ်သည့် ဂျမူးနှင့် ကက်ရှ်မီးယား ဒေသတွင် လူအသေအပျောက် များသည့် အကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် အိန္ဒိယစစ်တပ်က အကြမ်းဖက်နှိမ်နင်းရေး အကြောင်းပြချက်နဲ့ ပါကစ္စတန်နိုင်ငံထဲကို ကျုးကျော်ဝင်ရောက်လာမယ်ဆိုတာ မျှော်လင့်ထားပါကြောင်း ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီးက မနေ့က ပြောကြားခဲ့ပါတယ်။
ကက်ရှ်မီးယားပြည်နယ် ပါဟယ်လ်ဂမ်တွင် ဧပြီ ၂၂ ရက်က စစ်သွေးကြွများက ခရီးသွား ၂၆ ဦးကို ပစ်သတ်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုသည် ဟိန္ဒူအများစုနေထိုင်ရာ အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် ဒေါသထွက်ခဲ့ပြီး မွတ်ဆလင်အများစုနေထိုင်သော ပါကစ္စတန်ကို လျင်မြန်စွာအရေးယူရန် တောင်းဆိုခဲ့ကြပါတယ်။
ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအာဆစ်ဖ် က ပါကစ္စတန် စစ်တပ် အနေနဲ့ တိုးပွားလာတဲ့ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
“စစ်ကဖြစ်လာနိုင်တဲ့အခြေအနေတွေ ရှိနေတော့ ကျွန်တော်တို့ တပ်ဖွဲ့တွေကို အားဖြည့်ထားပါတယ်။ ဒါကြောင့် အဲဒီအခြေအနေမှာ မဟာဗျူဟာကျတဲ့ ဆုံးဖြတ်ချက်တချို့ကို ချမှတ်ရမှာဖြစ်လို့ ဒီလိုပဲ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တာပါ”လို့ အာဆစ်ကပြောပါတယ်။
အာဆစ်ရဲ့ အဆိုအရ ပါကစ္စတန်စစ်တပ်သည် အိန္ဒိယ၏ တိုက်ခိုက်မှု ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ အစိုးရအား အကျဉ်းချုံး ပြောကြားထားပါတယ်။ သို့သော် သူ၏ ဆန်းစစ်ချက် နှင့် ပတ်သက်သော ထောက်လှမ်းရေး ဆိုင်ရာ အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။
နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားတဲ့ အဲ့ဒိနယ်စပ်ဒေသ နဲ့ပတ်သက်ပြီး ၎င်းတို့အကြား မှာ ယခင်ကတည်းကစစ်ပွဲများ ဖြစ်ခဲ့ပြီး နယ်စက်က အကြမ်းဖက်သမားတွေကို ပါကစ္စတန်က ထောက်ပံ့ပေး နေတယ်လို့ နယူးဒေလီအစိုးရက စွပ်စွဲထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment