ဧပြီ - ၂၉ ( အင်္ဂါနေ့ )
အင်္ဂလန် ဆိုလီဟောက အီဝမ်ဗယ်လင်တိုင်း ( ၃၆ နှစ်) က ကားပါကင်မှာ သူ့ရဲ့ ကားကို ညသိပ်ထားတုန်း အခိုးခံလိုက်ရပါတယ်။ အဲ့ဒိအခိုးခံလိုက်ရတဲ့ ကားက အနက်ရောင် ဟွန်ဒါ စီဗစ်အမျိုးအစားဖြစ်ပါတယ်။ အဲ့ဒိအမျိုးအစား နဲ့ မော်ဒယ်ကိုကြိုက်လွန်းလို့ နောက်တစ်စီး ပြန်ဝယ်ဖို့ ပြခန်းကို သွားကြည့်ပါတယ်။
ပြခန်းမှာ အခိုးခံလိုက်ရတဲ့ ကားနဲ့ ပုံစံတူ ကားတစ်စီးကိုရလို့ သူကဒေါ်လာ ၂ သောင်း၆ ထောင်ပေးပြီး ဝယ်လိုက်ပါတယ်။ အဲ့ဒိကားကို စီးနေရင်းနဲ့က ကားအတွင်းခန်းထဲမှာ ထားတဲ့ ပစ္စည်းတွေက အခိုးခံလိုက်ရတဲ့ ကားထဲမှာ ထားတဲ့ပစ္စည်းတွေ နဲ့ ဆင်နေတာကို သိလာရပါတယ်။ ဒက်ရှ်ဘုတ်ထဲမှာ ထည့်ထားတဲ့ အရုပ်တွေ၊ နောက်ဖုံးထဲမှာ ကပ်ထားတဲ့ စတေကာတွေ က ကွက်တိဖြစ်နေပါတယ်။ အဲ့ဒါနဲ့ ကား ရဲ့ GPS ကို စစ်ကြည့်တော့ သူ့အိမ်၊ သူ့မိဘတွေ အိမ်၊ သူ့အဘိုး အဘွားနဲ့ ဆွေမျိုးတွေအိမ်ကို သွားလည်ထားတဲ့ မှတ်တမ်းကို တွေ့လိုက်မှပဲ သူက အခိုးခံလိုက်ရတဲ့ ကားကို ပြန်ဝယ်စီးမိနေတယ် ဆိုတာကို သဘောပေါက်သွားပါတယ်။
အဲ့ဒါနဲ့ သူက ရဲကို တိုင်ချက်ဖွင့်ပြီး ကားအရောင်းပြခန်းကို ပြန်သွားခဲ့ပါတယ်။ နောက်တော့ အာမခံကုမ္ပဏီ နဲ့ ရဲတွေ နဲ့ ကားအရောင်းကုမ္ပဏီ တို့ ရှင်းကြလင်းကြ စုံးစမ်းစစ်ဆေးမှုတွေ လုပ်ကြနဲ့ အားလုံး အလုပ်ရှုတ်သွားပါတယ်။ ခက်တာက အဲ့ဒိလူရဲ့ ကားကို ရဲတွေက သက်သေခံအဖြစ် သိမ်းဆည်းထားတာဖြစ်လို့ ကားအဟောင်းလည်းအခိုးခံရ၊ နောက်ဝယ်ကားကလည်း ယာယီထိန်းသိမ်းခံထားရ ဖြစ်ပြီး ဘတ်စ်ကား စီးနေရပါတယ်။
REF: UPI
https://t.me/MyanmarNationalPost
No comments:
Post a Comment