ဧပြီ - ၂၉ ( အင်္ဂါနေ့)
မော်စကို၏နိုင်ငံတကာဆက်ဆံရေးအင်စတီကျု (MGIMO) သည် ယခုသီတင်းပတ်အတွင်း ပထမဆုံး ရုရှား-အာဖရိက လူငယ်သံတမန်များဖိုရမ်အတွက် နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်များအား ကြိုဆိုခဲ့ပါတယ်။ အခမ်းအနားသည် ခေတ်သစ်ကိုလိုနီဝါဒ ကိုတိုက်ဖျက်ရန်နှင့် ယဉ်ကျေးမှုချိတ်ဆက်မှုများ ဖွံ့ဖြိုးလာစေရန် ဦးတည်ချက်ထားခဲ့ပါတယ်။
ဖိုရမ်တွင် အယ်လ်ဂျီးရီးယား၊ ဘီနင်၊ ချဒ်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ဂီနီဘစ်ဆော၊ အီဂျစ်၊ ဇင်ဘာဘွေ၊ ကင်မရွန်း၊ ကင်ညာ၊ မော်ရီတေးနီးယား၊ မိုဇမ်ဘစ်၊ ဂါဘွန်၊ ဘူရွန်ဒီနှင့် ဆီရှဲလ်စသည့် နိုင်ငံများမှ သံတမန် ၅၀ ခန့်ကို ဖိုရမ်က ကြိုဆိုခဲ့ပါတယ်။ ဖိုရမ်ရဲ့ အဓိက ခေါင်းစဉ်ဖြစ်သော "သံတမန်ရေးရာ အောင်ပွဲ" သည် ဒုတိယကမ္ဘာစစ်တွင် ဂျာမနီနိုင်ငံ ကျဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အတွက် ရည်ရွယ်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ် က တက်ရောက်လာသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားအတွင်း အခြားဟောပြောသူ MGIMO တက္ကသိုလ်ပါမောက္ခချုပ် အနာတိုလီ တော်ကူးနော့ဗ်၊ ရုရှားသမ္မတ၏ အရှေ့အလယ်ပိုင်းနှင့် အာဖရိကအတွက် အထူးကိုယ်စားလှယ် မစ်ခေး ဘော့ဒန်နော့ဗ် နှင့် အထက်လွှတ်တော်အမတ် အလက်ဆန်ဒရာ ဗိုလိုရှင် တို့ တက်ရောက်ခဲ့ပါတယ်။
ခေတ်သစ်ကိုလိုနီစနစ် ဆန့်ကျင်ရေးဆိုင်ရာ ဆွေးနွေးပွဲအတွင်း ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ နှင့် ဆေရှယ်လီ ဒုတိယသမ္မတဟောင်း ဗင့်ဆင့် မာရီတွန် တို့ အပါအဝင် ဟောပြောသူများသည် တရားမျှတသော ကမ္ဘာ့စည်းစနစ်အပြင် နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့ကြပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment