အစ္စတန်ဘူလ်၊ ဧပြီ ၂၉
ဆီးရီးယား ဘာရှာ အယ်လ်-အာဆတ်အစိုးရ ဖြုတ်ချခံရပြီးနောက် တူကီယဲနိုင်ငံမှ ဆီးရီးယားသို့ ပြန်သွားခဲ့သော ဆီးရီးယားဒုက္ခသည် ၂၀၀,၀၀၀ ဦး အထိ ရှိပြီဖြစ်ကြောင်း တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်က ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံ၏ လုံခြုံမှုနှင့် တည်ငြိမ်မှုသည် ဖြည်းဖြည်းချင်း ကောင်းမွန်လာလျက်ရှိရာ လက်ရှိတွင် တူယီယဲနိုင်ငံအတွင်းရှိ ဆီးရီးယားနိုင်ငံသား တဖြည်းဖြည်း လျော့နည်းလာလျက်ရှိကြောင်း အဆိုပါနေ့ အစ္စတန်ဘူလ်တွင် ကျင်းပခဲ့သော အစည်းအဝေးတစ်ခု၌ အာဒိုဂန်က ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံတွင် တည်ငြိမ်မှု တဖြည်းဖြည်း ပြန်လည်ရရှိလာသည်နှင့်အမျှ ပိုမိုများပြားသော ဆီးရီးယားဒုက္ခသည်များ “မိမိဆန္ဒအလျောက်၊ လုံခြုံမှုရှိစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ စနစ်တကျ” နေရပ်သို့ ပြန်သွားကြလိမ့်မည်ဟု ယင်းမတိုင်မီ အာဒိုဂန်က ပြောကြားခဲ့ဖူးသည်။
၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားခဲ့ချိန်မှစ၍ သန်းနှင့်ချီသော ဆီးရီးယားပြည်သူများသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော တူကီယဲ၊ အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန် စသည့် နိုင်ငံများသို့ ထွက်ပြေး၍ ခိုလှုံခွင့် တောင်းခံခဲ့ကြသည်။
Ref - (ဆင်ဟွာ)
https://t.me/MyanmarNationalPost


No comments:
Post a Comment