မဲဆောက်၊ ဧပြီ ၂၉
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင် အကြမ်းဖက်လှုံ့ဆော်သူများ စုဝေးရာ အာစီနန်းတော် မြန်မာဘားလို့ လူသိများတဲ့ “ HAPPY BAR KTV & Club ”ကို ဧပြီလ ၂၈ ရက် ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရသည်။
စမွတ်ဆာခွန်ခရိုင်အုပ်ချုပ်ရေးမှူး နလစ် နိလာမိုင်ဝုန်ဦးဆောင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား (၂၀၀) ကျော်ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က အကြမ်းဖက်လှုံ့ဆော်သူများ စုဝေးရာ အာစီနန်းတော် အား ဝင်ရောက်စီးနင်းရာတွင် သေနတ်၊ ကျည်ဆံနှင့် မူးယစ်ဆေး ဝါးများကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်လှုံ့ဆော်သူများ စုဝေးရာ အာစီနန်းတော် ဆိုင်အတွင်းမှ မြန်မာနိုင်ငံသား (၁၅၀) ကျော်တွေ့ရှိခဲ့ကြောင်းနဲ့ တရားဥပဒေနဲ့မလွတ်ကင်းတဲ့ သေနတ်၊ ကျည်ဆံနဲ့ မူးယစ်ဆေးဝါးများ တွေ့ရှိရကြောင်းကိုထုတ်ပြန်ထားသည်။
အဆိုပါ အာစီနန်းတော်တွင် မြန်မာပြည်ထဲမှ တရားမဝင်ထွက်ပြေးသွားသည့် ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူများ စုဝေးရာနေရာဖြစ်ပြီး အဆိုပါဆိုင်အတွင်းမှ အကြမ်းဖက်လှုံ့ဆော်မှုရုပ်သံများ ထုတ်လွှင့်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်းမှ အကြမ်းဖက်သမားများထံ ထောက်ပံ့ပေးရေး ခေါင်းစဉ်ဖြင့် Live လွှင့် အလှူခံနေသည့် နေရာလည်း ဖြစ်သည်။
အာစီနန်းတော်တွင် အကြမ်းဖက်လှုံ့ဆော်သူများထဲတွင် ပါဝင်သည့် လူပျက် ပိုးလေး၊ အောင်သော်၊ စိန်သီး အစရှိသော နီပိန်း အကြမ်းဖက်လှုံ့ဆော်သူများနှင့်အတူ အာစီနန်းတော် ပိုင်ရှင်ကိုယ်တိုင်သည်လည်း အကြမ်းဖက်လှုံ့ဆော်မှုများ ပါဝင်ဆောင်ရွက်လေ့ရှိသည်။
https://t.me/MyanmarNationalPost










No comments:
Post a Comment