လယ်ဝေးမြို့နယ်၊ ပိတောက်ငုတ်ကျေးရွာအတွင်း PDF အကြမ်းဖက်သမားများ ဝင်ရောက်၍ ဒေသခံများထံမှ ဆက်ကြေးတောင်းခံမှုများ ပြုလုပ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

လယ်ဝေးမြို့နယ်၊ ပိတောက်ငုတ်ကျေးရွာအတွင်း PDF အကြမ်းဖက်သမားများ ဝင်ရောက်၍ ဒေသခံများထံမှ ဆက်ကြေးတောင်းခံမှုများ ပြုလုပ်နေ


နေပြည်တော်၊ ဧပြီ ၂၉

လယ်ဝေးမြို့နယ်၊ ချောင်းဂွကျေးရွာအုပ်စု၊ ပိတောက်ငုတ်ကျေးရွာသို့ PDF အကြမ်းဖက်သမားများက ဝင်ရောက်ပြီး ရွာသားများကို စည်းရုံးကာ ဆက်ကြေးကောက်ခံမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများ၏ ဆက်သွယ်သတင်းပေးပို့မှုအရ သိရသည်။

ဆက်သွယ်သတင်းပေးပို့ထားရာတွင် " ဒီ သင်္ကြန်မတိုင်မီ ၁၂ ရက်နေ့ကလည်း တစ်ကြိမ်ဝင်တယ်။ ရွာထဲမှာ အစည်းအဝေးလုပ်သွားတယ်။ ဧပြီ ၂၀၊ ၂၂၊ ၂၄၊ ၂၅ ရက်တွေမှာ ပိတောက်ငုတ်ရွာထဲကို အကြမ်းဖက်သမားတွေ ဝင်တယ်။ ၂၀ ရက်နေ့က အကြမ်းဖက်သမား ၁၂ ယောက် လာတယ်။ ဘုန်းကြီးကျောင်းမှာ အစည်းအဝေး လုပ်သွားတယ်။ ရွာသားတွေကို ဘာမှမလုပ်ပါဘူပေါ့။ သတင်းပေးရင် သတ်မယ်လို့ ခြိမ်းခြောက်သွားတယ်လို့ ကြားရတယ်။ ၂၂ ရက်နေ့ကတော့ ဆိုင်ကယ် ၃စီးနဲ့ အကြမ်းဖက်သမား ၆ယောက် လာပြီး သစ်ကားသမားတွေဆီက ဆက်ကြေးလာတောင်းသွားတယ်။ ၂၄ ရက်နေ့ကလည်း အစည်းအဝေးလာလုပ်သွားတာပဲ။ ၂၅ ရက်နေ့က ပိတောက်ငုတ်ရွာထဲကို မနက်ပိုင်းမှာ အကြမ်းဖက်သမား ၁၂ ယောက် လာသွားတယ်။ ညနေပိုင်း ၃ ၀၀ နာရီလောက်ကြတော့ ပိတောက်ငုတ်ရွာ အနောက်ဘက် ကုန်းပေါ်မှာ မိုင်းခွဲသွားတယ်။ အဲဒီ ဝန်းကျင်းမှာတော့ PDF ခေါင်းဆောင် မင်းဒင် လို့ ပြောတာပဲ။ နာမည်ဖျက်ထားတာလဲ ဖြစ်ချင်ဖြစ်မယ်ပေါ့။ မင်းဒင် ဦးဆောင်တဲ့အဖွဲ့လို့ပဲ သတင်းကြားတယ်။ အဲဒီ အနီးအနားဝန်းကျင် ရွာတွေမှာ လောင်းကစားဝိုင်းတွေကို ဆက်ကြေးဝင်ကောက်တာမျိုးလည်း ရှိတယ်။ နေပြည်တော် နယ်မြေထဲဝင်ချင်တဲ့ သဘောပေါ့။ ချောင်းဂွအုပ်စုကတော့ ပဲခူး၊ မကွေးနဲ့ ဆုံချက်နေရာဖြစ်နေတယ်။ လုံခြုံရေးတပ်ဖွဲ့တွေတော့ ရှိတယ်။ ဒီနေရာကို ပစ်မှတ်ထားလာရင် လမ်းကြောင်းကတော့ ၂ဖက် ရှိတယ်။ ကားနဲ့ ဝင်လို့ရတဲ့ နေရာက ချောင်းဂွနဲ့ ၆မိုင်လောက်ပဲ ဝေးမယ်။ ပိတောက်ငုတ်ကတော့ ၈မိုင်လောက်ပဲ ဝေးတယ်။" ဟု ပြောသည်။

PDF အကြမ်းဖက်သမားများ လှုပ်ရှားမှု ရှိနေသဖြင့် နေပြည်တော်အတွင်း ဝင်ရောက်မလာစေရန် ကြိုတင်စစ်ဆင် နှိမ်နင်းပေးစေလိုကြောင်း၊ ဒါမှသာ ဒေသခံများလည်း အေးချမ်းစွာ နေနိုင်မည်ဖြစ်ကြောင်း၊ နေပြည်တော် - ပဲခူး - မကွေး ဆုံချက် နေရာဖြစ်နေသဖြင့် အကြမ်းဖက်အဖွဲ့လှုပ်ရှားမှုအားကောင်းနေပြီး သစ်သမားများထံမှ ဆက်ကြေးတောင်းခံခြင်း၊ မရလျင် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)