ဧပြီ - ၂၇ ( တနင်္ဂနွေနေ့ )
အာရေဗီယံပင်လယ်ထဲမှာရှိတဲ့ အိန္ဒိယစစ်သင်္ဘောတွေက ပင်လယ်ထဲကနေ ဒုံးကျည်တွေကိုပစ်ပြပြီး စစ်ပွဲအတွက် ဆင်သင့်ဖြစ်ပြီဆိုကြောင်းပြသခဲ့ပါတယ်။ စစ်သင်္ဘောတွေက ရေပြင်မှ ဝေဟင်ပစ် ၊ ရေပြင်မှ မြေပြင်ပစ် နဲ့ စစ်သင်္ဘောဖျက် ဒုံးတွေကို ပစ်ပြခဲ့တာပါ။
သူတို့က တာဝေးပစ်ဒုံးများပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး လေ့ကျင့်ခန်းများကိုလည်း လုပ်ခဲ့ပါတယ်။ လောလောဆယ် စစ်ရေးတင်းမာမှု ဖြစ်လာနိုင်တဲ့ ပါကစ္စတန်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး အခြေအနေကို ဖိအားပေးတဲ့ သဘောကို ဆောင်နေပါတယ်။
ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် က “ ကျနော်တို့ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျနော်တို့ရဲ့ ရေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အားလုံးနီးပါးပြင်ဆင်ထားပါတယ်။ ဘယ်လိုအခြေအနေ၊ ဘယ်လို အချိန်၊ ဘယ်လိုမျိုးဖြစ်ဖြစ် ကျနော်တို့ ရအောင်ကာကွယ်သွားမယ်” လို့ ဆိုပါတယ်။
REF: ANI
https://t.me/MyanmarNationalPost
No comments:
Post a Comment