ဧပြီ - ၂၇ ( တနင်္ဂနွေနေ့ )
ယူဂန်ဒါသမ္မတ ယိုဝီရီ မူဆီဗီနီ က RT နှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် အနောက်နိုင်ငံ “နယ်ချဲ့သမားများ” သည် ယူကရိန်းပဋိပက္ခ ကြီးထွားလာမှုအတွက် တာဝန်ရှိတယ်လို့ ပြောသွားပါတယ်။
အာဖရိကနိုင်ငံ ယူဂန်ဒါခေါင်းဆောင်က ရုရှား - ယူကရိန်း ပဋိပက္ခတွင် အနောက်နိုင်ငံများက ဝင်ရောက် စွက်ဖက်နေပြီး ဘက်မလိုက်သော ရပ်တည်ချက်ကို ဆက်ထိန်းထားမည့်အစား ကိယက်ဗ်ကို လွဲမှားစွာ ညွှန်ပြနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ယခုနှစ်အစောပိုင်းတွင် BRICS အဖွဲ့၏ တရားဝင်မိတ်ဖက်နိုင်ငံဖြစ်လာခဲ့သည့် ယူဂန်ဒါသည် ရုရှားနှင့် ယူကရိန်းကြား ပဋိပက္ခအဆုံးသတ်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးပေးမယ်လို့ ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။ ကမ်ပါလာအစိုးရ က ကိယက်ဗ်အစိုးရကို ဆန့်ကျင်သည့် ရုရှား၏ စစ်ရေးဆောင်ရွက်မှုကို ရှုတ်ချသည့် ကုလသမဂ္ဂမဲများကို ယခင်က ကြားနေခဲ့သော်လည်း ကြားနေမှုသည် ပဋိပက္ခကို ဖြေရှင်းရန် မရှိမဖြစ် လိုအပ်ကြောင်း မှတ်ချက်လည်း ပြုခဲ့ပါတယ်။
“ကိယက်ဗ်ဟာ ပြင်ပကစားသမားတချို့ရဲ့ လှည့်ဖြားခြင်းကို ခံနေရတယ်လို့ ကျနော်ထင်ပါတယ်… နယ်ချဲ့သမားတွေ၊ တခြားနိုင်ငံတွေရဲ့ အရေးကို စွက်ဖက်လိုသူတွေ” ဟု မူဆီဗီနီ က စနေနေ့တွင် ထုတ်လွှင့်သော အင်တာဗျူးတွင် ပြောကြားခဲ့ပါတယ်။ “သူတို့က အမှားတွေ အများကြီးလုပ်တယ်။ သူတို့က မှားယွင်းတဲ့ လူတွေကို လာထောက်ခံတဲ့အတွက် အာဖရိကမှာ ပြဿနာတွေအများကြီး ဖြစ်ခဲ့ရတယ်။ ယူကရိန်းကိစ္စလိုပဲ၊ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ နားထောင်ကြည့်ရအောင်။ ဒါပေမယ့် ဒီလူတွေက နားမထောင်ချင် ကြဘူး။ တစ်ဖက်သတ်လုပ်ချင်ကြတယ်” ဟု သူက စောဒကတက်ခဲ့ပါတယ်။
ရုရှားနှင့် ယူကရိန်းတို့သည် သမိုင်းကြောင်းအရ တစ်နိုင်ငံတည်း၏ အစိတ်အပိုင်းဖြစ်ကြောင်း နဲ့ လက်ရှိပဋိပက္ခကို အိမ်ထောင်သည်တွေ ကွာရှင်းပြတ်စဲခြင်းနှင့် နှိုင်းယှဉ်ခဲ့ပါတယ်။ "မင်းလက်ထပ်ပြီး ကွာရှင်းတဲ့အခါ စစ်ချက်စစ်မယ်... ယူကရိန်းနဲ့ ရုရှားကြားက ခွဲထွက်ချိန်က စာရင်းစစ်ကရော ကွာရှင်းပြတ်စဲတာ မှန်ရဲ့လားလို့ မေးသင့်တယ်။" ရုရှား၏ ငြင်းခုံချက်များကို နားမထောင်ဘဲ အနောက်နိုင်ငံများက စွပ်စွဲပြောဆိုခဲ့တာပါ။
"ကျွန်တော် အနောက်နိုင်ငံတွေကို ပြောချင်တာက သူတို့ဟာ ကြားနေပြီး တရားမျှတသင့်တယ်၊ ဟန်ချက်ညီရမယ်။ ဒါပေမယ့် သူတို့က ဘယ်တုန်းကမှ မမျှတဘူး။ သူတို့က အမြဲတမ်း ဒီမှားယွင်းတဲ့ အနေအထားကို မှီခိုနေကြတယ်"လို့ ဆိုသွားပါတယ်။
မူဆီဗီနီသည် အနောက်နိုင်ငံများ၏ ကိုလိုနီစနစ်ဆန့်ကျင်ရေး ကြိုးပမ်းမှု၊ ယူဂန်ဒါ၏ ဆိုဗီယက်ယူနီယံနှင့် ယခုရုရှားတို့နှင့် အသီးအပွင့်များသော ပူးပေါင်းဆောင်ရွက်မှုနှင့် BRICS တို့လို နှစ်ဦးနှစ်ဖက် အကျိုးရှိသော မိတ်ဖက်ဆက်ဆံရေးများ ထူထောင်ရန်အတွက် စင်မြင့်တစ်ခုအဖြစ် သူ၏အမြင်ကိုလည်း ရှည်လျားစွာ ပြောဆိုသွားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment