နိုင်ငံတော်အစိုးရ သာသနဓဇ ဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ အရှင်သုန္ဒရအား ဂုဏဝိသိဋ္ဌပူ‌ဇာ ချီးကျူးဂုဏ်ပြုပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အစိုးရ သာသနဓဇ ဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ အရှင်သုန္ဒရအား ဂုဏဝိသိဋ္ဌပူ‌ဇာ ချီးကျူးဂုဏ်ပြုပွဲ ကျင်းပ



ကျောင်းကုန်း၊ ဧပြီ  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မကျီးပင်ကွင်းအုပ်စု၊ ဥယျာဉ်တန်းကျေးရွာ၊ ဓမ္မရက္ခိတ(မြို့ပေါက်ဆိန်)ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမာနန္ဒ၏ တပည့်၊ နိုင်ငံတော်အစိုးရ သာသနဓဇ ဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ အရှင်သုန္ဒရ၏ ဂုဏဝိသိဋ္ဌပူဇာ ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားရှိခိုး၍ ဖွင့်လှစ်ပြီး ရွှေကျင်နိကာယမြို့နယ်သံဃနာယကဥက္ကဋ္ဌ ပဏ္ဍိတာရာမပန်းတောရိုးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝိမလာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ကြွရောက်ချီးမြှောက်ကုန်ကြသော ဆရာတော်/သံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ပြီး အသုတ်မြို့ နန္ဒာရုံပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော်မှ ဂုဏဝိသေဌပူဇာ မင်္ဂလာဂါထာတော်ဖြင့် ဂုဏ်ပြုပူဇော်ခဲ့သည်။ ကျောင်းကုန်းမြို့နယ်၊ သရက်ကုန်းကျောင်းဆရာတော်မှ သာသနဓဇ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်သုန္ဒရ ၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားခဲ့သည်။

ထို့နောက် ဂုဏဝိသိဌအပူဇော်ခံ အရှင်သုန္ဒရအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခဲ့ပြီး အာမိသပူ‌ဇာ နဝကမ္မတို့ဖြင့်အလှူရှင်များက ပူဇော်ခဲ့ကြသည်။ နိုင်ငံကျော်အဆိုတော် "အိသက်ထားမွန်"က ရတု၊ တေးထပ်၊ အလင်္ကာပန်ထွာများဖြင့် သီကျူးပူဇော်ခဲ့ပြီး ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၊ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတအရှင်သူမြတ်မှ ရေစက်ချအနုမောဒနာတရား ဟောကြားချီးမြှင့်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ဝင်းကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)