တာမွေ၊ ဧပြီ ၁၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ကျင်းပသော ၁၃၈၇-ခုနှစ်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်အဖြစ် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေ မြို့နယ် မာန်အောင်ရပ်ကွက်ရှိ မြင်းဆေးကန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဇီဝိတဒါနငါးလွှတ်ပွဲ၌ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်အဖြစ် တာမွေမြို့နယ် မာန်အောင် ရပ်ကွက်ရှိ မြင်းဆေးကန်အတွင်းသို့ ငါးသားပေါက်ကောင်ရေငါးသောင်းကျော်အား ဘေးမဲ့လွှတ်၍ ကုသိုလ်ယူခဲ့ကြ သည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ထက်တံခွန်
https://t.me/MyanmarNationalPost




No comments:
Post a Comment