လယ်ဝေးမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား သီရိလင်္ကာနိုင်ငံဆေးအဖွဲ့မှ လာရောက်ဆေးကုသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား သီရိလင်္ကာနိုင်ငံဆေးအဖွဲ့မှ လာရောက်ဆေးကုသပေး




လယ်ဝေး၊ ဧပြီ ၁၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက သီရိလင်္ကာနိုင်ငံမှဆေးအဖွဲ့က အမှတ်(၆)ရပ်ကွက်၊ ဓမ္မာရုံတွင် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သီရိလင်္ကာနိုင်ငံ၊ ဆေးတပ်ဖွဲ့တွင် ဆရာဝန် ၅ ဦး၊ သူနာပြု ၁၀ ဦး၊ အထောက်အကူပြု ၃ ဦးပါဝင်ပြီး လယ်ဝေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ မြို့နယ်အတွင်းရှိပြည်သူများအား ဆေးကုသပေးခဲ့သည်။ ယမန်နေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ အထွေထွေရောဂါလူနာ ၆၀ ဦး၊ အရိုးရောဂါလူနာ ၁၂ဦးနှင့် ခွဲစိတ်လူနာ ၇ ဦး စုစုပေါင်း ၇၉ ဦးအား ဆေးကုသပေးခဲ့ကြောင်းသိရသည်။


ဝေကြည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)