ကစကဲ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းမှ အကျဉ်းသား ၄၀ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကစကဲ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းမှ အကျဉ်းသား ၄၀ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ


ဝါးခယ်မ၊ ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မင်းလံကစကဲကျေးရွာအုပ်စုရှိ ကစကဲစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသား ၄၀ ဦးသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၁/၂၀၂၅) အရ လွတ်ငြိမ်ချမ်းသာခွင့်ရကြောင်း သိရသည်။

အဆိုပါ ကစကဲ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ ပြစ်ဒဏ်ကျခံလျက်ရှိသည့် လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား (၄၀) ဦးအား စခန်းတာဝန်ခံ ဦးမျိုးကျော်ထူး၊ ရွှေလောင်းနယ်မြေရဲစခန်းမှူး ရဲအုပ်မောင်မောင်နိုင်နှင့် တာဝန်ရှိသူများက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ ပြစ်ဒဏ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီး တည်ဆဲဥပဒေများအား တိကျစွာလိုက်နာလျက် ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်စားသောက်ကြရန် မှာကြားခဲ့ပြီး ၎င်းတို့၏ ခရီးစရိတ်ငွေ၊ စားစရိတ်ငွေ၊ လုပ်အားခငွေများအား တစ်ဦးချင်းပေးအပ်၍ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။


လွှမ်းသီဟ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)