ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းစခန်းအသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ (၄၈၇) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းစခန်းအသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ (၄၈၇) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ





ပဲခူး၊ ဧပြီ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်အခါသမ အထမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာသောအားဖြင့် အကျဥ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသား/အကျဥ်းသူ (၄၈၉၃) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ယနေ့မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အကျဥ်းထောင်/အချုပ်ထောင်အသီးသီးမှ အကျဥ်းသား/အကျဥ်းသူ (၄၈၇) ဦး ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ရရှိကြောင်း သိရသည်။

အကျဥ်းထောင်/အချုပ်ထောင်အသီးသီးမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အား သာယာဝတီအကျဥ်းထောင်မှ အကျဥ်းသား(၆၁)ဦး၊ အကျဥ်းသူ(၁၁)ဦး၊ ပေါင်း(၇၂)ဦး၊ ဒိုက်ဦးအကျဥ်းထောင်မှ အကျဥ်းသား(၈၂)ဦး၊ အကျဥ်းသူ(၄၃)ဦး၊ ပေါင်း(၁၂၅)ဦး၊ တောင်ငူအကျဥ်းထောင်မှ အကျဥ်းသား(၅၅)ဦး၊ အကျဥ်းသူ(၁၂)၊ ပေါင်း(၆၇)ဦး၊ ပြည်အကျဥ်းထောင်မှ အကျဥ်းသား(၆၈)ဦး၊ အကျဥ်းသူ(၁၂)ဦး၊ ပေါင်း(၈၀)ဦး၊ ပဲခူးအကျဥ်းထောင်မှ အကျဥ်းသား(၃၇)ဦး၊ အကျဥ်းသူ(၁၀)ဦး၊ ပေါင်း(၄၇)ဦး၊ ပေါင်းတည်အကျဥ်းထောင်မှ အကျဥ်းသား(၄၂)ဦး၊ အကျဥ်းသူ(၃)ဦး၊ ပေါင်း(၄၅)ဦး၊ ကျိုက်စကောအကျဥ်းထောင်မှ အကျဥ်းသား(၂၄)ဦး၊ ရွှေမြယာအကျဥ်းထောင်မှ အကျဥ်းသား(၂၇)ဦး၊ စုစုပေါင်းအကျဥ်းသား(၃၉၆)ဦး၊ အကျဥ်းသူ(၉၁)ဦး စုစုပေါင်း(၄၈၇)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)