မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ၊ စားသောက်ကုန်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ၊ စားသောက်ကုန်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

 




ချမ်းအေးသာစံ ,  ဧပြီ ၁၃

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်းဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်  စေတနာရှင်၊ အလှူရှင်များက အလှူငွေများ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အလှူရှင်များက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ပေးအပ်လှူဒါန်းကြရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တာဝန်ရှိသူများကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ခဲ့သည်။

ထိုသို့လှူဒါန်းမှုတွင် မြန်မာနိုင်ငံ ကွမ်ရှီးကုန်သည်ကြီးများအသင်းချုပ်မှ ငွေကျပ် (၄၅)သိန်းတန်ဖိုးရှိ အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်း (၄)မျိုးကိုလည်းကောင်း၊ Shwe Taung Cement Co.,Ltd မှ (အပါချီ ဘိလပ်မြေ) အိတ် ၃၀၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံသဘင်းအစည်းအရုံး(ဗဟို)၊ မကွေးတိုင်းဒေသကြီးသဘင်အစည်းအရုံးနှင့် အလှူရှင်များက ငွေကျပ် (၃၀)သိန်းနှင့် ကျပ်(၁၇၀)သိန်းတန်ဖိုးရှိ စားသောက်ကုန်ပစ္စည်း(၃)မျိုးကိုလည်းကောင်း၊ ကျောက်ပန်းတောင်းမြို့နယ် သံဃနာယကအဖွဲ့မှဦးဆောင်၍ ကျောက်ပန်းတောင်းမြို့နယ်လုံးဆိုင်ရာမှ အလှူငွေကျပ် (၅၀၀)သိန်းကိုလည်းကောင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (မန္တလေးတိုင်းဒေသကြီး)မှ အလှူငွေကျပ် (၁၀၀)သိန်းကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြိုကျပျက်စီးအဆောက်အဦများနှင့် အန္တရာယ်ရှိအဆောက်အဦများ ဖယ်ရှားရှင်းလင်းခြင်းများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)