သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတွင် သွားလာမှုလွယ်ကူချောမွေ့စေရေး စီစဉ်ဆောင်ရွက်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတွင် သွားလာမှုလွယ်ကူချောမွေ့စေရေး စီစဉ်ဆောင်ရွက်ထားရှိ


နေပြည်တော် ဧပြီ ၁၃

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးအတွက် ကူးတို့ခရီးလမ်းနှင့် ပြည်တွင်းလေကြောင်းခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဧရာဝတီမြစ်ကူးတံတား ရတနာပုံအပေါ်မှ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းခွင့် ယာယီရပ်ဆိုင်းထားစဉ်ကာလတွင် ကုန်စည်စီးဆင်းမှုများ ပုံမှန်လည်ပတ်နိုင်ရန် ဧရာဝတီ မြစ်ကူးကုန်တင်ယာဉ် ကူးတို့ခရီးစဉ်များကို ပုဂ္ဂလိကရေယာဉ်ပိုင်ရှင်များနှင့်ပူးပေါင်း၍ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ မတ် ၃၁ ရက်မှ ဧပြီ ၁၂ ရက်အထိ ကုန်တင်ယာဉ် ၂၈၉၃ စီးကို သယ်ယူ ပို့ဆောင်ပေးနိုင်ခဲ့သည်။ ထိုသို့စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ငလျင်ဘေးဒဏ်သင့်ကာလတွင် ကုန်စည်များ ပုံမှန်ပို့ဆောင်လျက်ရှိသည်။

ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို ပြည်ပမှ ကယ်ဆယ်ရေး ပစ္စည်းတင်လေယာဉ်များဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ နေ့စဉ်လာရောက်ပို့ဆောင်လျက်ရှိရာ မတ် ၂၉ ရက်မှ ဧပြီ ၁၂ ရက်အထိ စုစုပေါင်းလေယာဉ် ၁၂၅ စင်းဖြင့် စုစုပေါင်း ကုန်တန်ချိန် ၂၅၁၄ ဒသမ ၅၁၁ တန် ရောက်ရှိပြီးဖြစ်သည်။ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ငလျင်ဘေးဒဏ်ကြောင့် ယာယီရပ်နားခဲ့သည့် ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဧပြီ ၄ ရက်မှစ၍ ယခင်အတိုင်း ပြည်တွင်းလေကြောင်းလိုင်း ငါးလိုင်းဖြင့် ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ ဧပြီ ၁၂ ရက်အထိ စုစုပေါင်း လေယာဉ်ခရီးစဉ် ၁၃၅ ခေါက် ပြေးဆွဲပေးနိုင်ခဲ့ပြီး ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


#News

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)