စလင်းမြို့ ဒို့မေတ္တာနာရေးကူညီမှုအသင်းမှ ငလျင်ဘေးသင့်ရဟန်းသံဃာနှင့် သီလရှင်၊ ပြည်သူများအား အလှူငွေနှင့်စားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့ ဒို့မေတ္တာနာရေးကူညီမှုအသင်းမှ ငလျင်ဘေးသင့်ရဟန်းသံဃာနှင့် သီလရှင်၊ ပြည်သူများအား အလှူငွေနှင့်စားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်း




စလင်း   , ဧပြီ  ၁၃


မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့၊ ဒို့မေတ္တာနာရေးကူညီမှုအသင်းအဖွဲ့နှင့်  စေတနာရှင်ပြည်သူများစုပေါင်း၍ မန္တလေးနှင့်စစ်ကိုင်းမြို့များမှ ငလျင်ဘေးသင့်  ရဟန်းသံဃာ၊ သီလရှင်နှင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်  ပြန်လည်အသုံးပြုနိုင်ကြစေရန်  အလှူငွေနှင့်စားသောက်ကုန်ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း  သိရသည်။


ထိုသို့ စလင်းမြို့ဒို့မေတ္တာနာရေးကူညီမှုအသင်း၏ ဆရာတော်ဦးပညာသီရိမှ  ဦးဆောင်ကြီးကြပ်မှုဖြင့် နာယကဆရာတော်များ အသင်းအဖွဲ့မှစေတနာရှင်များ  သဒ္ဒါတရားထက်သန်စွာဖြင့် ပါဝင်လှူဒါန်းခဲ့ပြီးအလှူငွေနှင့်စားသောက်ကုန်  ဆန်၊ဆီ၊ဆား၊ငပိ၊ငါးခြောက်သီးနှံစုံ  အခြားစားသောက်ဖွယ်ရာများအား  YGM.ပရဟိတမိဘမဲ့ကျောင်း၊ မန္တလေး၊ စစ်ကိုင်းမြို့ရှိ  ရဟန်းသံဃာ၊ သီလရှင်ဆရာလေးကျောင်းများနှင့် အိမ်ထောင်စုဝင်(၁၆၃)ဦးတို့အား  ဒို့မေတ္တာနာရေးကူညီမှုအသင်းအဖွဲ့ဝင်များနှင့် စေတနာရှင်များက ငလျင်ဘေးသင့်  ရဟန်းသံဃာ၊သီလရှင်ဆရာလေးများနှင့် ပြည်သူ(၁၆၃)ဦးတို့အား စုပေါင်းအလှူငွေ(၆,၄၅၀,၀၀၀)ကျပ်နှင့် စားသောက်ကုန်ပစ္စည်းများကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ဒို့မေတ္တာနာရေးကူညီမှုအသင်းမှ  သိရသည်။


(မောင်လွင်)စလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)