ငလျင်ဘေးသင့်ပြည်သူများအတွက် သီတဂူ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ညှပ်ရိုးကျိုးလူနာအား အောင်မြင်စွာ ခွဲစိတ်ကုသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဘေးသင့်ပြည်သူများအတွက် သီတဂူ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ညှပ်ရိုးကျိုးလူနာအား အောင်မြင်စွာ ခွဲစိတ်ကုသပေး

 







စစ်ကိုင်း၊ ဧပြီ ၆

ငလျင်ဘေးသင့်ပြည်သူများအတွက် သီတဂူ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ၆.၄.၂၀၂၅ ရက်နေ့ နံနက်ပိုင်း က ညှပ်ရိုးကျိုးလူနာအား အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

၆.၄.၂၀၂၅ ရက်နေ့ နံနက်ပိုင်း ရုရှားနိုင်ငံမှ အရိုး၊အကြော၊အဆစ် ခွဲစိတ်အထူးကုဆရာဝန်ကြီးများသည် သီတဂူအဓိပတိဆရာတော်ဘုရားကြီး၏ ဩဝါဒကို ခံယူကာ ရုရှားပါရဂူ(၄)ဦး၊ သီတဂူအာယုဒါနဆေးရုံတော်မှ ဆရာဝန်ကြီး(၂)ဦးနှင့် သူနာပြုများက ညှပ်ရိုးကျိုးလူနာအား အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ခွဲစိတ်ကုသမှု ခံယူခဲသူက "အန်တီဒေါ်ခင်နှင်းဝေပါ၊ အသက် ၆၉နှစ်ပါ၊ ညှပ်ရိုးကျိုးတာပါ။ ၂၈.၃.၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒာဏ်ကြောင့် ကျိုးသွားခဲ့တာပါ။ ဖြစ်ပုံက အဲဒီနေ့က ငလျင်လှုပ်ရင်း အိမ်ခန်းထဲက အုတ်နံရံပြုကျတာပါ။ ငလျင်လှုပ်လှုပ်ခြင်း ပြေးထွက်ရင် အန်တီလွတ်ပါတယ်။ မြေးလေးက အိပ်ပျော်နေလို့ မြေးလေး ထိမှာစိုးလို့ကာလိုက်ရင်း အုတ်နံရံပိသွားတာပါ။ မြေးလေးလည်း ခြေထောက်ထိသွားပါတယ်။ ခုတော့ ခွဲစိတ်ကုသပြီးပါပြီ။ ခွဲစိတ်ကုသပေးသော ဆရာဝန်ကြီးများကို ကျေးဇူးတင်ပါတယ်။"ဟု ပြောသည်။

ရုရှားနိုင်ငံမှ ပါရဂူဆရာဝန်ကြီးများသည် ၈.၄.၂၀၂၅ ရက်နေ့အထိ သီတဂူအာယုဒါနဆေးရုံတော်တွင် ခွဲစိပ်ကုသပေးနေမည်ဖြစ်ကြောင်း သိရသည်။


#MyanmarEartquake

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)