ငလျင်ဘေးသင့် ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီ က စဉ်ဆက်မပြတ် ကူညီထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဘေးသင့် ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီ က စဉ်ဆက်မပြတ် ကူညီထောက်ပံ့






နေပြည်တော်၊ ဧပြီ ၆

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဧပြီ ၆ ရက်မနက် ၁၀ နာရီအချိန် ဥတ္တရသီရိအထူးကုဆေးရုံကြီး ပြိုကျရာနေရာသို့ ပါတီဥက္ကဋ္ဌကြီး ဦးခင်ရီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှုး ဦးသောင်းအေးနှင့် တွဲဘက်ကြီး ဦးတင်အောင်ချစ်၊ ပါတီ အလုပ်အမှု့ဆောင်များ ပါဝင်သော  အဖွဲ့ ရောက်ရှိလာရာ ဦးလှဆွေ နှင့် ဆေးရုံအုပ် တို့မှကြိုဆိုကြသည်။ 

ထို့နောက် ငလျင်ဘေးသင့် ဆေးရုံဝန်ထမ်း ၂၀ ဦး တို့အား ပစ္စည်းစုံ ၁၀ မျိုးပါသေတ္တာ ၂၀ လုံးပေးအပ်ခဲ့ပြီး  ဥတ္တရသီရိမြို့နယ်၊ သစ်ဝင် ရပ်ကွက် ကယ်ဆယ်ရေးစခန်း၌ တစ်အိမ်လုံးပြိုကျခဲ့သော အိမ်ထောင်စု ၂၂ စု တို့အား ပစ္စည်းစုံသေတ္တာ ၂၂ လုံး ပေးအပ်ခြင်း နှင့် လုံခြုံရေး ဆောင်ရွက်နေသော တပ်/ရဲ/လုံကြမ်း အဖွဲ့များအား ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်ဗူးများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ဦးခင်ရီနှင့်အဖွဲ့သည် နေပြည်တော် ဘူတာကြီး သို့ ဆက်လက်ထွက်ခွာလာပြီး ဘူတာကြီး စင်္ကြန် ၌ ခိုလှုံနေသော မီးရထားဝန်ထမ်း ၃၀၀ အနက်မှ တိုက်ပြိုကျပြီး ပစ္စည်းကောက်မရလိုက်သောမိသားစု ၃၀ စု အား ပစ္စည်းစုံ ၁၀ မျိုးပါ သေတ္တာ ၃၀ လုံးပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ဦးလှဆွေနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် ရပ်ကွက် တိုက်ပြိုပိပြီး ပစ္စည်းကောက်မရ ဖြစ်ခဲ့ကြသော အိမ်ထောင်စု ၁၆ စုအား ပစ္စည်းစုံ သေတ္တာ ၁၆ လုံး ကို ပုဗ္ဗသီရိမြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်နိုင်မိုး နှင့်အတူ ပေးအပ်ခဲ့သည် ။

ဥတ္တရသီရိမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမင်းအောင်သည် အိမ်ပြိုပြီး ပစ္စည်းကောက်မရလိုက်သော တက်ရှိန်းရွာမှမိသားစု ၃ စု ၊ တောင်ညိုရွာမှ မိသားစု ၃ စု ၊ သရက်တောရွာမှမိသားစု ၃ စု ၊ ပေါင်း ၉ စု တို့အတွက် ပစ္စည်းစုံသေတ္တာ ၉ လုံး ပေးအပ်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်ပါတီကော်မတီ နေမင်းထိုက် ဦးဆောင်သောအဖွဲ့သည် ငလျင်ဘေးသင့်  မြောက်မြိုက်ကျေးရွာ မိသားစု ၂၀၀ တို့အား ခေါက်ဆွဲခြောက်၊ လက္ဘက်/ပဲကြမ်း ၊ ရေသန့်ဗူး များလှုဒါန်း ခဲ့ကြောင်း သိရသည်။။

ထို့အတူ တိုင်းပါတီကော်မတီဝင် ဒေါ်သီတာထွေး နှင့် ဒေါ်ဖြူဖြူကျော် တို့သည် ပျဉ်းမနား စဉ့်အိုးဖို ကျောင်းပြိုကျရာ၌ လုပ်အားပေးနေသော မိမိပါတီဝင် ၅၀ ဦးတို့အား မနက်စာ လက္ဘက်ထ္မင်း ကြက်ဥကျော် ၊ သောက်ရေသန့်များ ဖြင့် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ငလျင်ဘေးဒဏ် စတင်ဖြစ်ပေါ်သည့် အချိန်မှစ၍ ပြည်ခိုင်ဖြိုးပါတီမှ စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


#MyanmarEartquake

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)