ရန်ကုန်၊ ဧပြီ ၂၇
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဒဏ် ဘေးသင့်ဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော မေးခိုင်ရောဂါကာကွယ်ဆေး (Absorbed Tetanus Vaccine) (68,000) doses အား (၂၄-၄-၂၀၂၅) ရက်နေ့တွင် လေယာဉ် ခရီးစဉ်အမှတ် (UB8502) ဖြင့်လည်းကောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Recombinant B-subunit/Whole Cell Cholera Vaccine) (570,000) dosesနှင့် (77,910) doses (Children formulation)တို့အား (၂၅-၄-၂၀၂၅) ရက်နေ့တွင် လေယာဉ်ခရီးစဉ်အမှတ် (UB8504)ဖြင့်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆေးဝါးများအား ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း(ရန်ကုန်)၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ Counsellor ဖြစ်သူ Mr. Ouyang Daobing နှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှု၍ လွှဲပြောင်းလက်ခံခဲ့ကြသည်။
အဆိုပါ ရောက်ရှိလာသည့် ဆေးဝါးများကို ငလျင်ဘေးသင့်ဒေသများသို့ ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို
https://t.me/MyanmarNationalPost
No comments:
Post a Comment