မကွေးမြို့နယ်၌‌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေး‌ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးမြို့နယ်၌‌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေး‌ဆောင်ရွက်




မကွေး ၊  ဧပြီ  ၃၀


မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် အောင်ရတနာရပ်ကွက်၊ အဝေရာလမ်းရှိ “ကောင်းမွန်” အထူးကုဆေးရုံကြီးတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆေးရုံရှိဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးကို စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန် ရှင်းလင်းပြောကြားပြီးနောက် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းကို လက်တွေ့ သရုပ်ပြသခဲ့သည်။

ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ကူးပြောင်းရောက်ရှိလာပြီး ဖြစ်ပါသဖြင့် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးအတွက်စက်ရုံ၊ အလုပ်ရုံများစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များ၊ ဈေးများ၊ ဟိုတယ်၊ မိုတယ်များ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အဦများ၊ ရုံးဌာနများ၊ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ မီးသတိမူရေးနှိုးဆော်ခြင်း၊ မီးဘေးလုံခြုံရေး အသိပညာပေးခြင်း ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဝင်းအိမွန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)